Episode-8 (Unicode)

30 1 0
                                    

EPISODE-8

Yoona လန့်ပြီး မအော်မိစေရန် ပါးစပ်ကို လက်ဝါးဖြင့် ကမန်းကတန်း ပိတ်ထားလိုက်သည်......

Yoona- Jiyeon!!!! Jiyeon na~~~ seang (ညီမလေး) Unnie ကို မမှတ်မိဘူးလား......

Yoona ကို စိုက်ကြည့်နေသော Jiyeon မျက်လုံးတွေက ကျဉ်းမြောင်းသွားကြပြီး...... အော်ဟစ်လိုက်သည်......

Jiyeon- ထွက်သွားစမ်း... ငါ့အိမ်ထဲကနေ ခုချက်ချင်းထွက်သွားစမ်း......

Yoona- Jiyeon!! Jiyeon na...... ငါ နင့် အမလေ yeonnie ရဲ့ Unnie လေ ......

ဘုရား...... ဘုရား...... သူမတစ်ခုခု လုပ်မှရတော့မည်......သူမတွေးလိုက်သည်...... Yoona တုန်တုန်ယင်ယင်ဖြင့်......

Yoona- Jiyeon na~~~ ဒီအခန်းထဲမှာဘဲ နေနော်...... ဘယ်မှမသွားနဲ့နော်...... Unnie ခုချက်ချင်းပြန်လာမယ်......

Yoona ကိုကြည့်နေသော Jiyeon မျက်လုံးတွေက ဗလာဖြစ်နေသည်...... သူ Yoona ကို လုံးဝမမှတ်မိတော့တာ သေချာသည်......

Yoona ချာကနလှည့်ထွက်ပြီး တယ်လီဖုန်းရှိရာသို့ ပြေးလာခဲ့သည်...... ကမန်းကတန်းဖြင့် Doctor.Han ၏ ဆေးခန်းဖုန်းနံပါတ်ကို နှိပ်လိုက်သည်......... တစ်ဖက်မှ ဖုန်းကို လာမကိုင်မချင်း Yoona ဂနာမငြိမ်နိုင်အောင် ဖြစ်နေသည်...... ဖုန်းသံရှည် ငါးကြိမ်ခြောက်ကြိမ်ခန့်မည်ပြီးမှ တစ်ဖက်မှ အမျိုးသမီးတစ်ယောက်၏ အသံက......

Woman- hello...... Dr.Han ဆေးခန်းကပါ......

Yoona- ကျွန်မ...... ကျွန်မ Dr.Han နဲ့ပြောချင်လို့ပါ...... အရေးကြီးလို့ပါ......

Woman- ဝမ်းနည်းပါတယ်...... ဆရာမရှိပါဘူးရှင်...... အရေးပေါ်ခွဲစိတ်မှုတစ်ခုကြောင့် Busan သွားပါတယ်...... တစ်ပတ်လောက်တော့ ကြာမယ်ထင်တယ်...... သူ့ဆီကဖုန်းလာရင် ဘာပြောပေးရမလဲ......

Yoona- နေ...... နေပါစေ...... ကျေးဇူးတင်ပါတယ်......

Yoona စိတ်ပျက်အားလျော့စွာဖြင့်ပြောပြီး ဖုန်းကို ပြန်ချလိုက်သည်......

သူမ ဘယ်သူ့ကို အကူအညီတောင်းရမည်လဲ......

Yoona- စဉ်းစားစမ်း စဉ်းစားစမ်း......
ဟာ...... ဟုတ်သားဘဲ ဒေါ်လေး ရှိတာဘဲ

Yoona သူမ အမေ၏ ညီမဖြစ်သူအား သွားသတိရလိုက်သည်...... ဒါနဲ့ ဒေါ်လေး ဖုန်းနံပါတ်ကို နှိပ်ကာ တယ်လီဖုန်းကို နာရွက်နားတွင် ကပ်ထားလိုက်သည်...... ဖုန်းခေါ်နေသည့်မြည်သံရှည်ကိုသာ သူမထပ်တလဲလဲကြားနေရသည်...... လာကိုင်မည့်သူမရှိပါ......
တစ်ယောက်ယောက် အမြန်ဆုံးဖုန်းလာကိုင်လိုက်ပါဟု Yoona စိတ်ထဲမှ မချင့်မရဲပြောနေမိသည်...... သို့သော် မည်သူမျှလာမကိုင်ပါ...... ဖုန်းဘဲပျက်နေသည်လား...... သူတို့အိမ်မှာ တစ်ယောက်မှမရှိသည်ပဲလား မပြောတတ်......

We Are Waiting [Complete]Where stories live. Discover now