EPISODE-3
Yoona လန့်ပြီးအော်လိုက်သည်.........
Sooyoung- ဟဲ့ Yoona နင်ဘာဖြစ်နေလဲ ???
Yoona- အောင်မလေး Sooyoung ရယ် ငါဖြင့်လန့်သွားတာဘဲ...... စောစောက ဒီနားမှာ လူတစ်ယောက်တွေ့လိုက်လို့ဟ...... ဒီမှာကြည့်ပါလား......
Yoona စိုစွတ်နေသော မြေသားပျော့ပျော့ပေါ်တွင် ထင်ကျန်ရစ်ခဲ့သည့် ခြေတစ်စုံကို ပြရင်းပြောလိုက်သည်......
Sooyoung- ဟင်!!! အဲ့ဒီလူ
ဘယ်ရောက်သွားပြီလဲYoona- မသိဘူးဟ...... ငါလည်း ဒီနားရောက်ရော သူလဲပျောက်သွားတာဘဲ......
Sooyoung . Yoona ပုခုံးကို ပုတ်လိုက်ရင်း
Sooyoung- စာပို့သမားတစ်ယောက်ယောက် ဖြစ်ချင်ဖြစ်မှာပါဟ...... လာပါ ပြန်ကြရအောင်......
အိမ်ထဲသို့ပြန်ရောက်ကြသောအခါ Sooyoung မျက်နှာစာ တံခါးကို ပြန်ပိတ်လိုက်ရင်း.........
Sooyoung- Yoona နင်လည်း ဒီအိမ်ကြီးကို ပြောင်းလာမှ စိတ်တွေ ချောက်ချားနေသလိုဘဲနော် ......
Yoona- အင်း...... ဟုတ်တယ် စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် နင်နဲ့ ငါ စက်ဘီးတစ်ပတ်လောက် လျှောက်စီးကြရင် မကောင်းဘူးလား???
Sooyoung ခေါင်းကို ခါယမ်းရင်း......
Sooyoung- ဟာ...... ဘယ်ဖြစ်လဲ...... နင်နဲ့ငါ အိပ်မွေ့ချတဲ့ အစီအစဉ်ကို ဇာတ်တိုက်ရဦးမယ်လေ......
Yoona သက်ပြင်းကိုသာချလိုက်မိသည်...... ဘာမှမတတ်နိုင်ပါ...... Sooyoung စိတ်အားထက်သန်လွန်းနေသဖြင့် သူ့ဆန္ဒအတိုင်း မီးစဉ်ကြည့်ကရုံသာ ရှိပါသည်......
Yoona- အေးလေ...... ဒါဆိုလည်းလုပ်တာပေါ့...... တစ်ခုတော့ရှိတယ်
အတိတ် ဘဝအကြောင်းတွေ ပြောဖို့ဆိုရင် ငါကယုတ္တိရှိရှိနဲ့ ပြောတတ်တာမဟုတ်ဘူးဟ...
ကပေါက်တိကပေါက်ချာတွေ ဖြစ်ကုန်လို့ အလိမ်ပေါ်သွားရင် ရှက်စရာကြီး......Sooyoung- အဲ့ ဒီ တော့ .........??
Yoona- ငါကအိပ်မွေ့ချတဲ့သူလုပ်မယ်ဟာ... နင့်ကို ငါ အိမ်မွေ့ချတာ ပိုပြီးယုတ္တိရှိလိမ့်မယ် ထင်တယ် Sooyoung......
Yoona စကားကြောင့် Sooyoung အနည်းငယ်စဉ်းစားလိုက်ပြီး......
Sooyoung- ကောင်းတယ် Yoona...... ငါ့အရင်ဘဝအကြောင်းနဲ့ ပတ်သတ်ပြီးတော့ ဂမ္ဘီရဆန်ဆန်တွေ စဉ်းစားထားတာ ရှိတယ်...... အိုကေ စလိုက်ကြရအောင်......
YOU ARE READING
We Are Waiting [Complete]
Fanfiction(We are waiting သည် soshi Horror fanfic တစ်ပုဒ်သာဖြစ်ပါသည်) Main- Im Yoona -Park Jiyeon -Choi Soo Young #Horror Note-လူများလိုအပ်လျှင်ထည့်သုံးသွားမည် Yoonyeon sister ver: fic တစ်ပုဒ်သာဖြစ်ပါသည် မူရင်းစာရေးသားသူကို မမှတ်မိသောကြောင့် owner အား cr ပေးပ...