Episode-4

837 94 22
                                    

EPISODE-4

Yoona- ငါ……ငါ ဘာလုပ်မိပါလိမ့်………

Yoona သွေးရူးသွေးတန်း တွေးနေမိသည်…… Yoona၏ မျက်ဝန်းထဲတွင်လည်း…… Jiyeonလေး၏ လေးဘက်သွားတတ်ခါစ အရွယ်က ပုံရိပ်များ…… တွတ်တီးတွတ်တာ စကားပြောတတ်ခါစ မြင်ကွင်းများကို တဖျတ်ဖျတ် ပြန်မြင်ယောင်လာသည်……

Yoona- Jiyeon ya~~~~ ထ…… ထပါတော့……  Unnie တောင်းပန်ပါတယ်…… တောင်းပန်ပါတယ်…… ထ……ထပါတော့နော်……

Yoona အသံများကား အက်ကွဲကြောင်းထပ်နေသလိုပင်…… စကားလုံးများလည်း သဲသဲကွဲကွဲပင် မပြောနိုင်တော့……… ဇောကပ်ပြီး တအားကိုင်လှုပ်နေသည့် Yoona၏ လက်အစုံကြားတွင် Jiyeonတစ်ကိုယ်လုံး ယမ်းခါနေသည်……

Yoona- ဟင်!!!!

Jiyeon၏ မျက်ခွံတွေ အနည်းငယ်လှုပ်သွားသည်ဟု Yoona ထင်လိုက်ရသည်…… ဟုတ်ပါသည်…… Jiyeon မျက်ခွံတွေ အနည်းငယ်လှုပ်ရာမှ အလွန်ဖြည်းညင်းစွာ တစ်ဝက်တစ်ပျက်ပွင့်ဟ လာသည်…… မျက်တောင်တစ်ချက် ခတ်လိုက်သည်…… ထို့နောက် ပြန်ပိတ်သွားသည်……

Yoona- Jiyeon…… Jiyeon…… နင်……နင် နိုးလာပြီနော်……

သည်တစ်ကြိမ်တွင်တော့ Jiyeon သူ့မျက်ခွံအစုံကို အားယူဖွင့်ကြည့်ပြီး Yoonaနှင့် Sooyoung နှစ်ဦးစလုံးကို စိုက်ကြည့်လိုက်သည်……… သို့သော် ဟာလာဟင်းလင်း နေရာတစ်ခုကို ကြည့်နေသလိုပင်………

Yoona- Jiyeon *shout*

Yoona ယောင်ရမ်းအော်ရင်း Jiyeon ပုခုံးကို လွှတ်ချကာ…… နောက်သို့ဆုတ်လိုက်သည်…… Jiyeon၏ လည်ချောင်းထဲမှ …… ညည်းတွားသံ တစ်မျိုးပေါ်လာသည်……… လူတစ်ယောက်၏ အသံမျိုးမဟုတ်ဘဲ တိရစ္ဆာန်တစ်ကောင်၏ ညည်းတွားသံမျိုးနှင့် တူညီနေသည်…… Jiyeon က  Yoona တို့နှစ်ယောက်ကို အသက်ကင်းမဲ့သော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်…… Yoona၏ လက်ဖဝါးသည်လည် ချွေးစေးများပျံကာ အေးစက်နေသည်………

Sooyoung- Jiyeon ဘာမှမဖြစ်ပါဘူး Yoonaရ…… ဘာမှမဖြစ်ပါဘူး……

Sooyoung မှာလည်း Yoona ကိုအားပေးနေသော်လည်း သူမကိုယ်တိုင်ပင် လန့်နေမိသည်…… Jiyeon မျက်တောင်ကို အကြိမ်များစွာ ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်……  ထို့နောက် တဖြည်းဖြည်းချင်း ထရပ်ရန်ကြိုးစားသည်……  အလွန်ကို နှေးကွေးသော လှုပ်ရှားမှုဖြစ်မှန်း
Yoona သတိထားမိလိုက်သည်………

We Are Waiting [Complete]Où les histoires vivent. Découvrez maintenant