Episode-4 (Unicode)

26 3 0
                                    

EPISODE-4

Yoona- ငါ......ငါ ဘာလုပ်မိပါလိမ့်.........

Yoona သွေးရူးသွေးတန်း တွေးနေမိသည်...... Yoona၏ မျက်ဝန်းထဲတွင်လည်း...... Jiyeonလေး၏ လေးဘက်သွားတတ်ခါစ အရွယ်က ပုံရိပ်များ...... တွတ်တီးတွတ်တာ စကားပြောတတ်ခါစ မြင်ကွင်းများကို တဖျတ်ဖျတ် ပြန်မြင်ယောင်လာသည်......

Yoona- Jiyeon ya~~~~ ထ...... ထပါတော့...... Unnie တောင်းပန်ပါတယ်...... တောင်းပန်ပါတယ်...... ထ......ထပါတော့နော်......

Yoona အသံများကား အက်ကွဲကြောင်းထပ်နေသလိုပင်...... စကားလုံးများလည်း သဲသဲကွဲကွဲပင် မပြောနိုင်တော့......... ဇောကပ်ပြီး တအားကိုင်လှုပ်နေသည့် Yoona၏ လက်အစုံကြားတွင် Jiyeonတစ်ကိုယ်လုံး ယမ်းခါနေသည်......

Yoona- ဟင်!!!!

Jiyeon၏ မျက်ခွံတွေ အနည်းငယ်လှုပ်သွားသည်ဟု Yoona ထင်လိုက်ရသည်...... ဟုတ်ပါသည်...... Jiyeon မျက်ခွံတွေ အနည်းငယ်လှုပ်ရာမှ အလွန်ဖြည်းညင်းစွာ တစ်ဝက်တစ်ပျက်ပွင့်ဟ လာသည်...... မျက်တောင်တစ်ချက် ခတ်လိုက်သည်...... ထို့နောက် ပြန်ပိတ်သွားသည်......

Yoona- Jiyeon...... Jiyeon...... နင်......နင် နိုးလာပြီနော်......

သည်တစ်ကြိမ်တွင်တော့ Jiyeon သူ့မျက်ခွံအစုံကို အားယူဖွင့်ကြည့်ပြီး Yoonaနှင့် Sooyoung နှစ်ဦးစလုံးကို စိုက်ကြည့်လိုက်သည်......... သို့သော် ဟာလာဟင်းလင်း နေရာတစ်ခုကို ကြည့်နေသလိုပင်.........

Yoona- Jiyeon *shout*

Yoona ယောင်ရမ်းအော်ရင်း Jiyeon ပုခုံးကို လွှတ်ချကာ...... နောက်သို့ဆုတ်လိုက်သည်...... Jiyeon၏ လည်ချောင်းထဲမှ ...... ညည်းတွားသံ တစ်မျိုးပေါ်လာသည်......... လူတစ်ယောက်၏ အသံမျိုးမဟုတ်ဘဲ တိရစ္ဆာန်တစ်ကောင်၏ ညည်းတွားသံမျိုးနှင့် တူညီနေသည်...... Jiyeon က Yoona တို့နှစ်ယောက်ကို အသက်ကင်းမဲ့သော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်...... Yoona၏ လက်ဖဝါးသည်လည် ချွေးစေးများပျံကာ အေးစက်နေသည်.........

Sooyoung- Jiyeon ဘာမှမဖြစ်ပါဘူး Yoonaရ...... ဘာမှမဖြစ်ပါဘူး......

Sooyoung မှာလည်း Yoona ကိုအားပေးနေသော်လည်း သူမကိုယ်တိုင်ပင် လန့်နေမိသည်...... Jiyeon မျက်တောင်ကို အကြိမ်များစွာ ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်...... ထို့နောက် တဖြည်းဖြည်းချင်း ထရပ်ရန်ကြိုးစားသည်...... အလွန်ကို နှေးကွေးသော လှုပ်ရှားမှုဖြစ်မှန်း
Yoona သတိထားမိလိုက်သည်.........

We Are Waiting [Complete]Место, где живут истории. Откройте их для себя