Episode-5 (Unicode)

30 2 0
                                    

EPISODE-5

စားသောက်ဆိုင်မှ အိမ်သို့ပြန်ရောက်ပြီး မကြာမှီမှာပင်...... Mrs.Im ထံမှ ဖုန်းလာလေသည်......

Mrs.Im- သမီး Yoona...... သမီးတို့ အဆင်ပြေကြရဲ့လား......

Yoona စိတ်ထဲတွင်တော့ "မပြေဘူး omma"ဟုသာ အော်ပြောလိုက်ချင်သည်......

Yoona P.O.V
omma တို့ အိမ်မြန်မြန်ပြန်လာကြပါတော့......

တကယ်တမ်းလက်တွေ့မှာတော့ Yoona ပြောရင်မဖြစ်နိုင်မှန်း သိလိုက်သည်...... ပြောလိုက်လျှင်လည်း omma တို့ယုံမည်မဟုတ်ဟု Yoona စိတ်ထဲမှ သိနေခြင်းကြောင့်ပင်.........

Yoona- nae omma အဆင်ပြေပါတယ်......

နောက်ထပ် မိနစ်အနည်းငယ်ခန့် ဟိုအကြောင်း သည်အကြောင်း Mrs.Im ကပြောနေသေးသည်...... သို့သော် Yoona အာရုံမရပါ...... နားထဲသို့ ဝင်တစ်ခက် မဝင်တစ်ချက်ပင်...... ဖုန်းလိုင်းလည်း သိပ်မကြည်လှချေ......

Yoona- Jiyeon လည်း နေကောင်းပါတယ် omma......

Mrs.Im- ဘယ်သူ...... ဘယ်သူ့ကိုပြောနေတာလဲ......

ဖုန်းသံကား တဂျစ်ဂျစ်မြည်နေသည်......

Yoona- Jiyeon လေ......

Mrs.Im- သမီးပြောတာ omma သိပ်ကောင်းကောင်း မကြားရဘူး...... နက်ဖြန်ညလောက်ကျရင် omma တို့ပြန်ရောက်မယ် သမီး...... ဒါဘဲနော်...... ဖုန်းချလိုက်တော့မယ်......

Yoona ဖုန်းကို ပြန်ချလိုက်သည်...... မိခင်ဖြစ်သူကို မလိမ်ချင်သော်လည်း မတတ်နိုင်ပါ...... omma တုိ့ပြန်ရောက်သည့်အချိန်လောက်ဆိုရင် Jiyeon တစ်ယောက် အကောင်းပတိအတိုင်း ဖြစ်နေလောက်ပြီဟုသာ Yoona ကိုယ့်စိတိကိုယ်တွေးကာ ဖြေသိမ့်နေတော့သည်......
.................................

ညနက်သည် အထိ Yoona အိပ်လို့ မပျော်နိုင်သေး......။ ။ မျက်နှာကျက်ကိုမော့ကြည့်ရင်း Jiyeon အကြောင်းတွေးနေမိသည်......

Yoona's thought
-------------------------
Jiyeon သူ အခုချိန်ထိ အိပ်မွေ့ကျနေဆဲပဲလား...... ဒါမှမဟုတ် ငါ့ကြောင့် သူတစ်ခုခုဖြစ်သွားတာလား......

Yoona စိတ်တွေ
ယောက်ယက်ခတ်နေသည်...... ကယ်ရာမဲ့ လူတစ်ယောက်လို ခံစားနေရသည်...... ခေါင်းဦးကိုယူပြီး မျက်နှာပေါ် ဖိထားလိုက်သည်...... အခန်းအပြင်ဘက်၌ သာနေသော လရောင်ကိုလည်း Yoona မမြင်ချင်ပါ...... သူမ ဘာလုပ်ရမလဲ????
တွေးနေလျက်နှင့်ပင်...... မှေးကနဲအိပ်ပျော်သွား သည်...... ထို့နောက် အသံတစ်သံကို ကြားလိုက်ရသလို ခံစားပြီး လန့်နိုးလာသည်...... လွန်စွာတိုးဖျော့သောအသံ .........ဟိုးအဝေးကြီးဆီမှ ထွက်ပေါ်လာသောအသံ...... အစကတော အိမ်မက်မက်နေသည်ဟု Yoona ထင်လိုက်မိသည်...... သို့သော်...... မဟုတ်ပါ...... သက်ပြင်းချသံ...... တီးတိုးညည်းညူသံတို့ကို ကြားလိုက်ရသည်မှာ...... သေချာပါသည်......
Yoona အိပ်နေရာမှ ထထိုင်လိုက်ပြီး......

We Are Waiting [Complete]Where stories live. Discover now