Episode-1

2.1K 120 9
                                    

EPISODE-1

"ကဲဟာ...... သေစမ်း ကလေးစုတ်"

"မလုပ်နဲ့ Unnie! မလုပ်ပါနဲ့ဆိုနေဟာ"

yoona က jiyeon ကိုခွကာ ခါးလေးကို ခလိယားထိုးသဖြင့် jiyeon အိပ်ရာထဲ၌ တွန့်တွန့်လူးနေသည်~~~ jiyeon သူမကို ကလိထိုးတာကို မကြိုက်......ပြန်လုပ်တတ်သည်......

yoona သဘောကျစွာရယ်လိုက်ရင်း လက်ကိုဖြေလျှော့ပေးလိုက်တော့မှ jiyeon က ဝုန်းကနဲထရပ်ကာ စိတ်ဆိုးမာန်ဆိုးဖြင့်

jiyeon-yah~~~~ Unnie အဲ့သလို မနောက်ပါနဲ့လို့ နင့်ကို ငါ(chaw) ဘယ်နှစ်ခါပြောရမလဲ......
နင်...ငါ့ကို အမြဲကလိယားထိုးတယ်/ monster(ကြောက်မက်ဖွယ်သတ္တဝါ)
သေလို့ဝင်စားတာလား မသိဘူး

jiyeon လေး၏ ခပ်စွာစွာစကားကြောင့် yoona သူငယ်ချင်းဖြစ်သူ Sooyoungက အူလှိုက်သည်းလှိုက် ရယ်တော့သည်~~~
Sooyoung အဖို့တော့ jiyeon ပါးစပ်မှထွက်သမျှ စကားလုံးတိုင်းသည် ဟာသပြက်လုံးကောင်းများ ဖြစ်လေသည်~~~~

yoona- ဟဲ့ sooyoung လာမယ့် fresher welcome ကျရင် နင်နဲ့ငါ ဘာအစီအစဉ်လုပ်ရမလဲ ဆိုတာ အကြံပြီ......

sooyoung-အေး...ဟုတ်သား ငါတို့ဘာလုပ်ကြမလဲ???

yoona-မျက်လှည့်ပွဲလုပ်မယ်ဟာ...ငါတို့နှစ်ယောက်က Jiyeon ကို တစ်ခါတည်း လက်စတုံးသွားအောင် ကိုယ်ယောင်ဖျောက် ပစ်လိုက်ရင် မကောင်းဘူးလား

*yoona သူမ ညီမလေး jiyeon ကိုအရမ်းချစ်ပါသည် ဒါပေမယ့် jiyeon လေးကို အမြဲ စနောက်ချင်သည် ဒီကလေးကို စနောက်ရသည်မှာ သူပြန်ပြောလိုက်သော စကားလုံးလေးများက ဟာသဖြစ်နေခြင်းကြောင့်ပင်.........*

yoona စကားကြောင့် jiyeon မျက်စောင်းထိုးကာ yoona ကိုလျှာထုတ်ပြောင်ပြသည်... ကင်ချီစားထားသောကြောင့် သူ့လျှာတစ်ပြင်လုံး အနီရောင် သန်းနေ၏......

ထိုစဉ်......
mrs.Im ထမင်းစားပန်းကန်တစ်ထပ်ကြီးကို သယ်လာပြီး မီးဖိုထဲသို့ဝင်လာပြီး ပန်းကန်ပြားများကို အိုးခွက်မျိုးစုံထည့်ထားသည့် ကတ်ထူစက္ကူပုံး နံဘေး၌ ချထားလိုက်၏......

မနေ့ကမှပင် ဒီအိကြီးသို့ပြောင်းလာခဲ့သည်ဖြစ်၍ အထုတ်အပိုးများ ပစ္စည်းပစ္စယများကို နေရာ တကျ ဖြစ်အောင် မထားသိုရသေးချေ။ ။

We Are Waiting [Complete]Where stories live. Discover now