Episode-6

26 3 0
                                    

EPISODE-6

နောက်တစ်နေ့မနက်။  ။

ကျောင်းသွားဖို့ Yoona အဝတ်အစားကို ကမန်းကတန်းလဲလိုက်သည်…… နေ့သစ်တစ်နေ့၏ အလင်းရောင်က ပြတင်းပေါက်မှ တဆင့်အခန်းထဲသို့ နွေးထွေးစွာ ဖြာကျနေသည်………
ဘာဘဲဖြစ်ဖြစ် အဲ့သည်ခံစားမှုက Yoona ၏ အိမ်မက်ဆိုးတွေကို ခဏတဖြုတ်ဘဲ ဖြစ်ဖြစ် မေ့ပျောက် သက်သာရာရစေသည်…… သည်လိုဘဲ အိမ်သစ်တစ်အိမ်ကို ပြောင်းလာရပြီဆိုလျှင်…… ဘယ်သူမဆို အိမ်မက်ဆိုးတွေ မက်တတ်ကြတာဘဲဟု Yoona သူမကို သူမ ပြန်ပြီး အားပေးလိုက်သည်…… အချိန်တန်လျှင်တော့ အရာအားလုံးပုံမှန်အတိုင်း ဖြစ်သွားစမြဲပင်…………
မနက်စာ စားရန်အတွက် မီးဖိုချောင်ထဲသို့ Yoona ဆင်းပြီး ကြက်ဥကြောက်ကာ ပေါင်မုန့်မီးကင်လိုက်သည်…… အားလုံးပြင်ဆင်ပြီးသည့် အချိန်မှာပင် Jiyeon က မီးဖိုခန်းဝမှာ လာရပ်သည်……

သူအခုထိ ညအိပ်ဝတ်စုံကို မလဲရသေး…… ဆံပင်တွေကလည်း ရှုပ်ပွနေသည်…… မျက်လုံး အစုံကလည်း Yoona ကို မမှတ်မိသလိုမျိုး စိုက်ကြည့်နေသည်……

Yoona- ဟဲ့ Jiyeon na…… ခုထိ အဝတ်အစား မလဲရသေးဘူးလား ဘာလုပ်နေတာလဲ ကျောင်းသွားရမယ်လေ……

Jiyeon မျက်မှောင်ကျုံ့ကာ ခေါင်းကို ကုတ်လိုက်ရင်း……

Jiyeon- ဟင် ဒီနေ့ ဘာနေ့လဲ

Yoona- ဒီနေ့ တနင်္လာနေ့လေ…… ကဲ…… ဒီမှာ မနက်စာလာစား…… ပြီးရင် မြန်မြန်ရေချိုးပြီး အဝတ်အစားလဲတော့…… ဟောဒီမှာ ဖျော်ရည်ဘူးတွေ တစ်ခုယူသောက်ပေါ့………

Yoona ပြောပြောဆိုဆိုဖြင့် ရေခဲသေတ္တာထဲမှ ဖျော်ရည်ဘူး သုံးလေးဘူးကို စားပွဲပေါ်ချပေးလိုက်သည်…… ရှောက်ချိုသီး ဖျော်ရည်ကို Jiyeon ရွေးချယ်မည်ကို Yoona သိနေသည်…… Jiyeonက ရှောက်ချိုသီး ဖျော်ရည်ကို အကြိုက်ဆုံးပင် မဟုတ်ပါလား………

သို့သော် Jiyeonက စားပွဲဆီသို့ မလှမ်းချင်လှမ်းချင်ဖြင့် တိုးကပ်လာပြီး…… ဖျော်ရည်ဘူးများကို တစ်ဘူးချင်းစီ အသေအချာ လျှောက်ကြည့်နေသည်…… ပြီးတော့မှ တိုးဖျော့စွာဖြင့်……

Jiyeon- ငါ…… ငါ မရွေးတတ်ဘူး…… ဘယ်ဟာကို သောက်ရမလဲဟင်???…

Yoona လန့်ပြီး မအော်မိစေရန် နှုတ်ခမ်းကို တင်းတင်းကိုက်ထားလိုက်သည်……

We Are Waiting [Complete]Where stories live. Discover now