Episode-9 (Unicode)

40 2 0
                                    

EPISODE-9

အိမ်နှင့်တဖြည်းဖြည်းနီးသည်......
ဒီလမ်းထောင့်ကို ချိုးကွေ့လိုက်လျှင် Yoona တို့အိမ်ကို လှမ်းမြင်ရတော့သည်...... ထိုစဉ် ခွေးဟောင်သံတစ်ချက် ကြားလိုက်ရသည်......
Yoona ပြေးနေရာမှ အရှိန်ကိုမလျော့ဘဲ လှည့်ကြည့်လိုက်သည်......

Yoona တို့ခြံနှင့် နှစ်အိမ်ကျော်မှ ပင်စင်စားကြီး တစ်ဦးမွေးထားသော အယ်ဇေးရှင်းခွေးကြီးမှန်း Yoona သိလိုက်ရသည်...... ထိုခွေးကြီးက Yoona နောက်သို့ အပြေးလိုက်လာသည်......

Yoona- ဟဲ့ခွေး...... ရှူး...... ရှူး သွားစမ်း

Yoona မောင်းထုတ်သော်လည်းမရ

Yoona-"ဘာဖြစ်လို့ ဒီခွေး ငါ့နောက်ပြေးလိုက်နေရတာလဲ မသိဘူး...... နေစမ်းပါဦး...... သူ့နာမည်ကို ငါသိပါတယ်...... ဘာပါလိမ့်...... " *whisper*

ဘာကြောင့်မှန်း မသိ ထိုခွေး၏ နာမည်ကို Yoona စဉ်းစား၍ မရတော့......

ခွေးက တစ်ဟုန်ထိုးပြေးလာရင်း တဝုတ်ဝုတ်နှင့် ဟောင်လိုက်သည်...... ခဏအတွင်းမှာပင် Yoona ကို မီလာသည်...... ထို့နောက် Yoona ရှေ့သို့ လွှားကနဲ ခုန်ထွက်လိုက်သည်......
Yoona ခွေးကို တိုက်မိပြီး ပြေးနေရာမှ ဟန်ချက်ပျက်သွားသည်......
ခွေးက ခုန်အုပ်တော့မလို ရုတ်ချည်းပတတ်ရပ်လိုက်သည်......

Yoona- အောင်မလေး...... ဟဲ့ခွေး...... ရှူး ရှူး ...... ရှူး ရှူး *shout*

တကယ်တော့ ခွေးက ခုန်အုပ်ခြင်းမဟုတ်ပါ...... သူ့ဦးခေါင်းက Yoona ရင်ခွင်ထဲသို့ တိုးဝင်လာသည်...... ထို့နောက် ရှေ့လက်တစ်ဖက်ကို မြှောက်ကာ Yoona လက်ကို ပုတ်ခတ်ကျီစယ်နေသည်......

ခွေးက သူမနှင့်ဆော့ကစားချင်၍ ဖြစ်ပေလိမ့်မည်...... Yoona သူ့ခေါင်းလေးကို ပွတ်ပေးလိုက်ရင်း...... .

Yoona- မဆော့ရဘူး...... မဆော့ရဘူး...... ကျွတ်ကျွတ်...... ကျွတ်ကျွတ်......

စုပ်သပ်ကာချော့မြူလိုက်သည်...... ထို့နောက် Yoona အပေါ်မှီနေသော ရှေ့လက်နှစ်ဖက်ကို မြေကြီးပေါ်သို့ ပြန်ချပေးလိုက်သည်......

Yoona- နေစမ်းပါဦး...... ဒီခွေးနာမည်ကို ငါ ဘာလို့မမှတ်မိရပါလိမ့်... *whisper*
သွား...... သွား အိမ်ကိုပြန်...... အိမ်ကိုပြန်...... သွားတော့နော်......

We Are Waiting [Complete]Where stories live. Discover now