part 1

4.8K 449 100
                                    


Unicode

kim စံအိမ်၏အငယ်ဆုံးသမီးဖြစ်တဲ့
kim jennierubyjaneဟာလှပ​ပြည့်စုံလှတဲ့
ရုပ်ဆင်းသဏ္ဍန်နှင့်အတူထူးချွန်ပြောင်မြောက်
သည့်အရည်အချင်းများကိုပိုင်ဆိုင်ထားသည်။

သူမ၏ အသက်မှာ 33နှစ် ဖြစ်သော်ငြားလည်း
kimလုပ်ငန်းစု၏ ceo ရာထူးတွင်
နေနိုင်သည်မှာမလွယ်ကူလှပေ။

အသက်သုံးဆယ်ကျော်ပြီဆိုတော့
အိမ်ထောင်ရှိလောက်ရောပေါ့လို့မထင်ပါနဲ့
သူမက အပျိုကြီး။

ဒါပေမယ့်သူမကအရမ်းကိုနုနယ်ပြီးလှပ
လွန်းသူမို့ ခုထိလုပ်ငန်းရှင်ယောကျာ်းသား
များ၏နှုတ်ဖျားတွင်အသဲစွဲဖြစ်နေတုန်းပင်။

သူမ၏အနှစ်သက်ဆုံးကိုအရာပြောပြပါဆိုလျှင်
ဒေစီပန်းဟုသာဖြေပါရစေ။

အနှစ်သက်ဆုံးပန်းလို့ဘာလို့မပြောရတာလဲလို့
စဥ်းစားနေကြပြီမဟုတ်လား။ သူမကဒေစီပန်း
ကိုသူ့ဘဝရဲ့အနှစ်သက်ဆုံးပန်းအဖြစ်နဲ့ဘဲ
သတ်မှတ်ထားတာမဟုတ်ဘဲ မြတ်နိုးခြင်း
ပုံသဏ္ဍန်လေးတစ်ခုအဖြစ်သတ်မှတ်ထား
သောကြောင့်ဖြစ်သည်။

အခုလည်း ဒေစီပန်းပုံစံရင်ထိုးလေးအား
ရင်ဘတ်နားထိုးကာ K group ရဲ့
ဒါရိုက်တာ ပီသစွာချေမိုးထားသည့်
မျက်နှာထားဖြင့်Channel မျက်မှန်အမဲကို
တပ်လိုက်ပြီးကုမ္ပဏီသွားရန်လုပ်နေသည်။

သူမသည် k group ၏ ceoဖြစ်ရုံသာမက
ထိုလုပ်ငန်းစုကြီးရဲ့ ပင်တိုင်မော်ဒယ်လည်း
ဖြစ်သည်။ Channel brand ဆိုသည်မှာလဲ
သူမော်ဒယ်လုပ်ပေးနေရသည့် brand
တခုဖြစ်ပြီး သူမအကြိုက်ဆုံး brandလည်း
ဖြစ်သည်။

''တီလေးရေ''

''ohh somi ခုထိကျောင်းမသွားသေးဘူးလား''

''သမီးလိုက်ပို့နေကျဒါရိုက်ဘာကနေမကောင်းလို့
တဲ့ခွင့်ယူထားတယ် အဲ့တာတီလေးက
လိုက်ပို့ပေးပါလို့။တီလေးမောင်းတဲ့ကားကိုစီးရတာ
ဒုံးပျံလိုဘဲ ဝှီး ဝှီးနဲ့ ရှယ်မိုက်တာ''

jennieသည်ကားကိုကိုယ်တိုင်မောင်းရတာ
ကြိုက်သူမို့ ဒါရိုက်ဘာမထားပါ။

''သူ့ကိုလိုက်ပို့ပေးဖို့အတွက်များ
လူကိုမြှောင့်ပင့်ပြောဆိုနေလိုက်တာ''

Aunty Daisy Where stories live. Discover now