part 2

1.9K 400 94
                                    


Unicode

''မေမေရယ် သမီးမျက်နှာကိုတစ်ချက်လောက်
scan ဖတ်ပေးစမ်းပါ''

ဆိုဖာခုံပေါ်ထိုင်နေရင်းဇာတ်လမ်းတွဲ
​ထိုင်ကြည့်နေသည့်မိခင်ဖြစ်သူအား
jenပြောလိုက်သည်။

''အမြဲမြင်တွေ့နေကျနင့်မျက်နှာမှာ
ဘာတွေထူးခြားနေလို့ scan ဖတ်ပေးရမှာတုန်း''

''မေမေရာ ဖတ်ဆိုဖတ်ပေးပေါ့
လျှာကိုရှည်လွန်းတယ်''

မိခင်ဖြစ်သူလည်းသမီးကိုပြောမနိုင်တာကြောင့်
သူခိုင်းရာကိုလုပ်ပေးလိုက်သည်။

''ဒီတိုင်းပါဘဲအေ မျက်နှာပေါ်
စိန်များကွပ်ထားသလားလို့ကိုယ့်ကိုကိုယ်
ထင်နေသလား မိjen''

''သမီးမျက်နှာကအိုတဲ့ပုံများပေါက်နေသလားလို့
စစ်ဆေးချင်မိရုံပါ''

''မအိုပါဘူးကွယ် အမေ့သမီးက
ဒီလောက်နုနယ်လှပနေတာကိုလေ''

''အေးလေနော် သမီးကခုထိဆယ်ကျော်သက်
လေးလိုဘဲလှပနေတာကို အဒေါ်ကြီးလို့
ခေါ်တဲ့သူရှိသေးတယ်မေမေရယ့်
သူကလေ သမီးကိုအိုတယ်လို့လည်းပြောသေး
ဘယ်လောက်အသည်းဆာဖို့ကောင်းတယ်ဆိုရင်''

ဆူပုတ်ပြီး စကားပြောနေတယ့်jenကိုကြည့်ပြီး
မိခင်ဖြစ်သူပြုံးနေမိသည်။

''သမီးအသက်ကဖြင့် သုံးဆယ်ကိုခြေလှမ်း
သုံးလှမ်းလေးဘဲလှမ်းရသေးတာကို ဒင်းက
အသက်ငါးဆယ်များမှတ်နေလားမသိပါဘူး
အမြင်ကတ်လိုက်တာ''

''သူ့ကို အမေတော့ကျေးဇူးတင်မိတယ်
သူက ဘယ်သူများလဲသိချင်မိ''

ရုတ်တရက်ထပြောတဲ့စကားကြောင့်
jenခနတာကြောင်အမ်းအမ်းဖြစ်သွားသည်။

''သူကမြေးရဲ့ သူငယ်ချင်းကောင်မလေးလေ
အဘွားကဘာလို့ကျေးဇူးတင်ချင်တာလဲဟင်''

ဘယ်ချိန်တည်းကရောက်နေလဲမသိတဲ့
somiကအမေးအဖြေလုပ်နေသည်။
အဘွား​ဖြေမယ့်အရာကိုjenကိုယ်တိုင်လည်း
သိချင်တာမို့အာရုံစိူက်နားထောင်လိုက်သည်။

''မြေးရဲ့တီလေးရေခဲတုံးကြီးကို
ခုလိုစကားတွေအများကြီးပြောအောင်
လုပ်နိုင်တာမို့လို့ပေါ့ကွယ်''

Aunty Daisy Donde viven las historias. Descúbrelo ahora