part 4

2.1K 403 173
                                    


Unicode

jen တကယ်ဘဲ လီလီပေါက်လေးကို
သဘောကျနေတာဆိုလားသိရအောင်
jenရဲ့အတွေးတဖက်ခြမ်းကိုသွားကြည့်
ရအောင်လားဗျ။

​ ~

​ကျွန်မလိုအဖက်ဖက်ကပြည့်စုံချောမောလှပသည့်
ရုပ်ရည်ကို အဒေါ်ကြီးလို့ခေါ်ပြီးစနှောက်တက်
သည့်ထိုကလေးမဟာ ကျွန်မရဲ့ငြိမ်သက်နေတဲ့
နှလုံးအိမ်ကိုအသက်သွင်းပေးနိုင်ခဲ့ပါသည်။

သူကဘာရယ်မဟုတ်ကလေးပီပီ
ဖလစ်ပြီးကျွန်မကိုစနောက်နေသောလည်း
ကျွန်မကတော့အတည်အဲ့ကလေးကိုချစ်မိ
သွားခဲ့မိတာပါဘဲ။

ကျွန်မ ဘက်ကထိုကလေးကိုစချစ်မိခဲ့သည့်
အချိန်ကစပြီးထိုကလေးအကြောင်းကိုစုံစမ်း
နေခဲ့တော့သည်။ မိဘတွေအကြောင်းကို တော့ကျွန်မအသေးစိတ်စုံစမ်းလို့မရနိုင်ခဲ့ပါ။
သူ့မွေးရပ်မြေကထိုင်းနိုင်ငံဆိုတာရယ်ငယ်စဥ်
တည်းကအဘွားဖြစ်သူနှင့်နှစ်ဦးတည်းသာ
နေထိုင်ပြီးပန်းဆိုင်လေးဖွင့်ထားတယ်ဆိုတာ
ကလွဲဒီကလေးအကြောင်းကိုကျွန်မထပ်
မသိခဲ့ရတော့ပေ။

ထိုကလေးမသိအောင်ခိုးရိုက်ထားတဲ့
ပုံတွေကိုကြည့်ရင်းကျွန်မနှုတ်ခမ်းတွေ
အလိုလိုပြုံးနေမိပြန်ပါသည်။

ကျောလယ်လောက်ရှိသည့်မတိုမရှည်
အနေအထားဆံပင်လေးနဲ့ဆံမြိတ်လေးဟာ
ကလေးငယ်ရဲ့ချစ်ဖို့ကောင်းမူကိုအထင်းသား
ပိုဖြစ်စေနေသည်။brownဆံပင်အရောင်လေးနဲ့
လဲလိုက်ဖက်သည်ထက်ပိုနေပြန်ပါရော။
ချစ်စဖွယ်ကောင်းလွန်းတဲ့ကလေးငယ်ရဲ့အပြုံး
လေးတွေကိုကျွန်မဖြင့်ပိုင်ဆိုင်ချင်သည်အထိ
လောဘတက်မိပါသည်။ လက်တစ်ဆုပ်စာ
မျက်နှာသေးသေးလေးနဲ့မျက်လုံးဝိုင်းဝိုင်း
လေးတွေကအသက်ပေါ့ရှင်။

ကလေးငယ်ရဲ့သိပ်ကိုဖော်ရွေပြီးစိတ်ထား
ဖြူစင်ကြောင်းများပိုသိလေကျွန်မမှာပိုပြီး
ချစ်ရပါသည်။ သို့ပေမယ့်ကျွန်မဟာ
မိန်းမသားဖြစ်ပါလျက်နှင့်ကိုယ့်ထက်အသက်အရွယ်
အများကြီးငယ်တဲ့ကလေးတစ်ယောက်ကိုချစ်မိ
သွားသည်မှာသိပ်တော့လွယ်ကူတဲ့ကိစ္စမဟုတ်ပေ။

ဒီကြားထဲကျွန်မကစဖွင့်ပြောရင်ပြီးအငြင်းခံ
ရရင်လဲ အပျိုကြီးအရှက်ကကွဲအုန်းမှာ
မဟုတ်လား။ ကလေးမို့ခနတာစိတ်ကစားပြီး
ကျွန်မကို playသွားမှာလဲစိုးရိမ်မိတာမို့
အချိန်တခုထိစောင့်ကြည့်ပြိီးမှဖွင့်ပြောရန်
တွေးထားလိုက်သည်။

Aunty Daisy Where stories live. Discover now