part 15

1.7K 276 25
                                    

Unicode

မနေ့က အန်တီဟာထူးဆန်းစွာခြင့်
ရုတ်တရက်ဆန်ဆန်စပရိုက်တိုက်လိုက်
တာကြောင့်ကျွန်မမှာ ခုထိပြန်တွေးမိတိုင်း
ဝမ်းသာမျက်ရည်ထွက်နေတော့တာပါဘဲ။

''လက်ထက်တာနဲ့ပတ်သတ်တဲ့စိတ်ဒဏ်ရာ
တွေကကိုယ်တို့ချစ်တဲ့အချစ်နဲ့ယှဥ်လိုက်ရင်
သေချာပေါက််ရှုံးမှာမို့ကိုယ်တို့အမြန်
လက်ထက်ကြရအောင်'' တဲ့လေ။
အန်တီဟာထိုကဲ့သို့ချစ်ဖို့အလွန်ကောင်းပါသည်။

အန်တီစိတ်တွေဘယ်လောက်လောသလဲဆိုရင်
စေ့စပ်ပွဲဘာညာမလုပ်တော့ဘဲ လက်ထပ်ပွဲကိုသာ
တန်းလုပ်မည်ဟုပြောသည်။ ဒါပေမယ့်လဲမင်္ဂလာပွဲ
နှင့်ပတ်သတ်သမျှကိုပေါ့ပျက်ပျက်မဟုတ်ဘဲ
အကောင်းဆုံးဖြစ်စေချင်တာကြောင့် နောက်နှစ်ပတ်လောက်ကျမှလက်ထပ်ပွဲလုပ်ကြမယ်ဟုနှစ်ဖက်လူကြီးများနှင့်တိုင်ပင်ခဲ့ကြသည်။

​ဒီနေ့ကကျွန်မတက်နေတဲ့အကသင်တန်းမှ
ဆရာမဖြစ်သူမွေးနေ့ပါတီရှိတာမို့ ကျင်းပတဲ့
နေရာဖြစ်သည့် nigh club တစ်ခုအားကျွန်မ
သွားရင်အန်တီကိုခွင့်တောင်းရမည်။

''ဘေဘီအဲ့ကိုမသွားရဘူးနော် ကိုယ်ကလဲ
အဖော်လိုက်ပေးဖို့မအားဘူးလေကွာ''

''အန်တီကလဲ အဲ့ကိုမသွားလို့မရဘူးလေ
ဆရာမကစိတ်ဆိုးမှာပေါ့ အန်တီမလိုက်လည်း
ရတယ်လေ အဲ့မှာဆရာမကသူ့တပည့်တွေ
လောက်ဘဲခေါ်မှာတဲ့လေ အဲ့ကြောင့်အန်တီက
စိတ်အများကြီးမပူနဲ့တော့''

''ပြီးတာဘဲ တစ်ခုခုဆိုရင်ကိုယ့်ကိုဖုန်းဆက်ရမယ်
အများကြီးမသောက်ရဘူး ကိုယ့်ကိုကိုယ်ထိန်း
နိုင်တဲ့ထိဘဲသောက်ရမယ် အသိစိတ်လွတ်တဲ့ထိ
သောက်တာကိုယ်မကြိုက်ဘူးနော် အလွန်ဆုံး
သုံးခွက်ထက်ပိုမသောက်မိစေနဲ့''

တတွတ်တွတ်နဲ့အဘွားကြီးပေါက်စလို
စိတ်ပူပြီးပြောနေတဲ့အန်တီပုံစံကအများကြီး
ချစ်ဖို့ကောင်းနေတယ်မဟုတ်လား။

''ဟုတ် ဟုတ် စိတ်ချပါ မာမီရှင့်
သမီးမာမီစကားကိုနားထောင်ပါ့မယ်နော်''

ဒီလိုနဲ့ဘဲအန်တီခွင့်ပြုတာကိုရလာခဲ့ပါပြီ။
ပါတီချိန်က ည၆နာရီမှစမှာမို့အိမ်ပြန်ကတော့
ကျိန်းသေပေါက်နောက်ကျမှာအမှန်ဘဲ။
အဲ့ချိန်ကျရင် အဘွားဆူတာရောအန်တီဆူ
တာရော ခံရပေအုန်းမည်။

You've reached the end of published parts.

⏰ Last updated: Mar 18 ⏰

Add this story to your Library to get notified about new parts!

Aunty Daisy Where stories live. Discover now