part 14

1.5K 257 43
                                    


Unicode

အန်တီနဲ့ချစ်ခဲ့ကြတာ သုံးနှစ်နီးပါးရှိပြီမို့
ခင်မင်ရင်းနှီးသူအတော်များများကျွန်မတိူ့ရဲ့
ဆက်ဆံရေးကိုသိနှင့်နေကြပြီဖြစ်သည်။
နှစ်ဖက်အိမ်များကလည်းကန့်ကွက်ခြင်း
မရှိခဲ့တာကြောင့်အန်တီနဲ့ချစ်ခြင်းခရီးဟာ
ဖြောင့်ဖြူးခဲ့ပါသည်။ တနေ့တနေ့အချိန်
ရွေ့လျားခြင်းကြောင့် ဘွဲ့ရချိန်တောင်
နီးကပ်လာပြီဖြစ်သည်။

''ဘေဘီဘွဲ့ရရင်ဘာလုပ်မယ်စိတ်ကူးထားလဲ''

''အန်တီရဲ့အနားမှာအရိပ်လိုကပ်တွယ်
နေမယ်လို့စိတ်ကူးထားတယ်''

အဲ့လိုပြောတော့အန်တီနှုတ်ခမ်းလေးကွေး
သွားပါသည်။ သိပ်လှတဲ့အပြုံးပါဘဲ ။

''အတည်မေးနေတာအဆိုးလေးရဲ့''

''သမီးကတာကိုဝါသနာပါတယ်
ဓာတ်ပုံရိုက်ရတာကိုရောဝါသနာပါတယ်
အန်တီကဘယ်ဟာကိုလုပ်စေချင်လဲ''

''ကိုယ့်ရဲ့မူပိုင်ကင်မရာမန်းအဖြစ်လုပ်ချင်လား
အကပိုင်းလည်းလုပ်လေ ကိုယ်ကပရိုဂျုဆာ
လုပ်ပေးမယ်''

''like sugar mommy''

''only for you babe''

အန်တီဟာပါးလေးကိုခပ်ဖွဖွဆွဲစိတ်ရင်း
ရယ်မောရင်းပြောနေသည်။

''သမီးဘဝမှာအန်တီကိုချစ်ခွင့်ရခဲ့တာလောက်
ကံကောင်းတာရှိတော့မယ်မထင်ဘူး''

''ဘာလို့လဲ''

''အန်တီရဲ့ချစ်သူဟာသမီးဖြစ်နေလို့လေ''

''မင်းကိုယ်တိုင်ကလည်းကံကောင်းခြင်း
တမျိုးပါဘဲဘေဘီ''

''hey jennie''

အန်တီနဲ့စကားပြောနေရင်း ရောက်လာတဲ့
အန်တီရဲ့သူငယ်ချင်းကင်မရာမန်းဦးလေး။

''mark နင်ဘယ်လိုလုပ်ပြီးရောက်လာတာလဲ''

''အို့အို အစွာလေးလည်းရောက်နေတာကိုး''

''ခင်ဗျားကြီးနော် လူကိုအစွာလေးဘာလေးနဲ့
နာမည်ရှိတယ် နာမည်ကိုခေါ်''

''ဟုတ်ကဲ့ပါငစွာလေးရယ်''

''အန်တီတွေ့လားသမီးကိုလိုက်စနေတယ်''

Aunty Daisy Where stories live. Discover now