Final part

2.1K 245 26
                                    

Unicode

herryကlisaရဲ့အဖေဟုအဘွားကပြောလိုက်
တော့အခန်းထဲရှိလူတွေအကုန်အံ့သြမှင်သက်။
အဲ့ထဲမှလီလီလေးကတော့မျက်ရည်ကျလျက်။

''ဒါအမှန်မဟုတ်ဘူးမလား အဘွားထင်ယောင်
ထင်မှားဖြစ်နေတာမလားလို့ အဘွားပြောတော့
သမီးမိဘတွေကဆုံးပြီဆိုဘာလို့ခုလိုတွေ
ပြောနေရတာလဲအဘွား''

''အဘွားမြေးကိုနာကျင်မူကင်းကင်းနဲ့ကြီးပြင်း
စေချင်လို့အမှန်တရားတွေကိုဖုံးကွယ်ထား
မိတာပါကွယ်''

''ခုအမှန်တရားတွေအကုန်ကိုပြောပြဖို့အချိန်
ရောက်ပြိီထင်တယ်''

''အဘွားပြောပြပါ့မယ်''
လွန်ခဲ့တယ့်၁၄နှစ်လောက်ကပေါ့ကွယ်
မြေးရဲ့အမေဆီကိုထူးထူးဆန်းဆန်းနဲ့
ကိုရီးယားကလူတစ်ယောက်ရောက်လာခဲ့တယ်
အဲ့တာမြေးရဲ့အဖေပေါ့။
အဘွားကမြေးရဲ့အမေဖြစ်သူနဲ့
ခင်မင်ဖြစ်ခဲ့တာကြာပြီပေါ့ ဒီလိုနဲ့တနေ့တော့
မြေးရဲ့အဖေကကိုရီးယားကခရီးသွားအနေနဲ့
မြေးအမေနဲ့စဆုံဖြစ်ခဲ့ကြတာပေါ့မြေးရဲ့အမေက
ဖူးခက်မှာလည်ပတ်တဲ့သူတွေအတွက်guide
လုပ်ပေးတဲ့အလုပ်ကိုလုပ်ခဲ့တာ''

(အဲ့ချိန်က jenအဖေကိုသတ်တဲ့အမူနဲ့
ဝရမ်းပြေးherryထိုင်းထိထွက်ပြေးလာခဲ့တာပါ)

''ဒါဆိုအဘွားက မြေးရဲ့အဘွားအရင်းမဟုတ်
ဘူးလား''

''မဟုတ်ပါဘူးကွယ် အဘွားကဖူးခက်မှာ
ကလေးလိုက်မွေးပေးတဲ့လူတစ်ယောက်ပါ
ဒါပေမယ့်အဘွားကထိုင်းလူမျိုးမဟုတ်ဘဲ
ကိုရီးယားလူမျိုးပါ''

အားလုံးကဆက်ပြီးစိတ်ဝင်တစားနားထောင်နေသည်။

''သူတို့တွေလဲခင်မင်နေရင်းနဲ့ချစ်ကြိုက်သွားခဲ့တယ်
အဲ့လိုနဲ့ဘဲ တနေ့တော့ မြေးအမေမှာကိုယ်ဝန်ရှိ
သွားခဲ့တယ် ဒီအကြောင်းကိုမြေးအဖေကို
ပြောတော့လက်မခံနိုင်ဘူးပြောတော့သူတို့တွေ
ပြသနာဖြစ်ကြတော့တယ် အဲ့ချိန်က
မြေးအမေကအရမ်းကိုအချစ်ရူးဖြစ်ခဲ့တာလေ။
မြေးအဖေရဲ့အကြောင်းကိုဘာဆိုဘာမှမသိ
ကိုရီးယားလူမျိုးဆိုတာတခုဘဲသိပြီးချစ်ခဲ့တာ။

ဟိုကလဲ အတိတ်မေ့နေသလို မိသားစုမရှိသလို
ဟန်ပန်အမျိုးမျိုးနဲ့လှည့်စားပြီးမြေးအမေကို
ရအောင်လုပ်ခဲ့တာပါဘဲ။ အဘွားမှတ်မိပါသေးတယ်
မြေးကိုယ်ဝန်ကိုမဖျက်ချလို့ပျက်ကျတဲ့ထိ
သူအမျိုးမျိုးကြံစည်ခဲ့တာ မြေးအမေကလဲ
ကြောက်လွန်းလို့အဘွားဆီမှာလာနေရတော့တာပါဘဲ။

Aunty Daisy Where stories live. Discover now