part 9

2.2K 291 84
                                    

Unicode

ဒီနေ့ဟာဒေစီပန်းများအလှပဆုံး
ပွင့်သည့်ရက်လေးဖြစ်၏။
ပြီးနောက် သိပ်ချစ်ရတဲ့အန်တီနဲ့ချစ်ခဲ့ရသော
တစ်လပြည့်တဲ့နေ့လေးဖြစ်သည်။

အလွဲအမှားလေးအချို့နဲ့အန်တီအချစ်ကို
ရခဲ့တာမို့ခုရက်ထိကြာရှည်ခံလိမ့်မယ်
မထင်ခဲ့ရိုးအမှန်ပင်။ ဒီနေ့လေးကိုအန်တီဟာ
လျှောက်လည်ရင်းဖြတ်သန်းမည်ပြောသောလည်း
လှပလွန်းတဲ့ပန်းလေးတွေနဲ့ဘဲဖြတ်သန်းချင်
တာကြောင့်အိမ်ကိုဘဲလာခဲ့ဖို့ပြောလိုက်သည်။

ခုတော့ ချစ်ရတဲ့အန်တီအတွက်အလှဆုံး
ပြင်ဆင်လိုက်သည်။ မဝတ်ဖြစ်တာကြာပြီဖြစ်တဲ့
ဂါဝန်အဝါလေးကိုထုတ်ဝတ်လိုက်သည်။
အဝါရောင်နေကြာပန်းတွေကိုနှစ်သက်ပြီး
အရပ်ပုတဲ့အဒေါ်ကြီးကိုလဲသိပ်မြတ်နိုးကြောင်း
တွေကိုဒီနေ့အဝပြောပစ်အုန်းမယ်။

''ပူကြူးလေးရယ်''

အန်တီဟာ အနက်ရောင်ဂျင်းပွဘောင်းဘီနဲ့
အဖြူရောင် crop topလေးဝတ်ဆင်ထားသည်။
အန်တီဟာဒီလိုကျတော့ပေါ့ပေါ့ပါးပါးပုံစံ​လေးနဲ့
ဆွဲဆောင်မူရှိနေရော။ဒေစီရင်ထိုးလေး
တော့မတပ်လာခဲ့ပါ။

''ရောက်လာပြီလား''

''လီလီမင်းဒီနေ့
သိပ်ချစ်ဖို့ကောင်းနေတာသိရဲ့လား''

''ချစ်ဖို့ကောင်းအောင်
တမင်ပြင်ဆင်ထားတာဘဲ
သိတာပေါ့''

''လာပါဦး ကိုယ်မင်းပါးလေးကို
ဦးဆုံးနမ်းပါရစေကွယ်''

အန်တီအနမ်းကိုဦးဆုံးလိုချင်နေတာမို့
ပါးလေးကိုနှုတ်ခမ်းလေးဖြင့်ထိတွေ့စေလိုက်သည်။

''ပန်းခင်းနေရာကဘယ်မှာများလဲ
ဒီနေရာနဲ့ဝေးလား''

''လာ သမီးပြမယ်''

ပန်းခင်းလေးဟာအိမ်နောက်မှခြံငယ်လေး
အတွင်းတည်ရှိတာမို့အန်တီလက်ကိုကိုင်လျက်
ခေါ်သွားလိုက်သည်။

''wow သိပ်ကိုလှတဲ့ပန်းဥယာဥ်လေးဘဲ
ပန်းတွေကအရောင်အသွေးစုံနေရော။
ကိုယ်ဖြင့်ပန်းတွေဒီလောက်လှလိမ့်မယ်
လို့မထင်ခဲ့ဘူး''

ပန်းဆိုတာမျိုးက လူတွေရဲ့စိတ်နှလုံးကို
ချမ်းမြေ့စေတယ်ဆိုတာအန်တီသက်သေ
ပြလိုက်သလိုပါဘဲ။ အန်တီအပြုံးတွေ
အရွှင်မြဆုံးဖြစ်နေတာခုမှမြင်ဖူးရတာမို့။

Aunty Daisy Where stories live. Discover now