part 7

1.9K 319 89
                                    


Unicode

''အန်တီ ခုတလောအလုပ်တွေအရမ်း
များနေတာကြောင့်ကျောင်းကို
အပို့အကြိုမလုပ်ပေးနိုင်တာ
ခွင့်လွှတ်ပါကွယ်''

အန်တီကခုရက်ပိုင်းတော့အလုပ်များလွန်းတယ်ဆိုသည်မှာလာမတွေ့နိုင်တဲ့အထိပင်။

''ရပါတယ်အန်တီရယ်မနက်ခင်းတိုင်း
ခုလိုလေးဖုန်းဆက်ပေးလို့သာ
ကျေးဇူးတင်ပါတယ်နော်''

''နားလည်ပေးလွန်းတဲ့ကောင်မလေးကို
ချစ်သူတော်ထားရတဲ့ကိုယ်ဖြင့်
ကံကောင်းလိုက်တာ''

''1 month anniversary နေ့လေးမှာတော့
အန်တီသမီးဆီလာမယ်မလားဟင်''

အန်တီကိုanni dayမှာတော့တွေ့ချင်မိပါတယ်။
ဘာလို့ဆိုအန်တီရင်ခွင်ကိုအများကြီးလွမ်းနေပြီမို့။

''​လာမှာပေါ့ကလေးရယ်
ကိုယ်ကတိပေးတယ်နော်''

''ဟုတ်အန်တီချစ်တယ်နော်''

''ထပ်တူချစ်ပါတယ်ကွယ်''

''ပိုချစ်တယ်လို့ပြောရမှာကို''

''ပိုချစ်ပါတယ်ရှင့် ကျေနပ်ပြီလား''

''ဟီးဟီး ဟုတ်
သမီးကျောင်းသွားရတော့မှာမို့
ဖုန်းချလိုက်တော့မယ်နော်''

''အင်းကလေးငယ်''

ဖုန်းဆက်ပြီးတော့
အရင်ကအတိုင်း happy virus လေး
တစ်ယောက်စက်ဘီးလေးနဲ့ကျောင်းကို
သွားတော့သည်။

-----

''​ဟေးမင်းကဘယ်သူလဲ''

''ကြည့်ရတာကျောင်းသူသစ်ဖြစ်မယ်''

ကျောင်းဝန်းထဲလွယ်အိတ်လေးပိုက်ရင်း
ကြောင်အမ်းအမ်းဖြစ်နေသည်မို့
ကျောင်းသားအချို့ကမေးလိုက်သည်။

''ဟုတ် ဟုတ်ပါတယ်''

ထိုကောင်မလေးဟာ
ကျောင်းသားများ၏မရိုးတဲ့မျက်ဝန်း
တွေကြောင့်ကြောက်လန့်နေရှာသည်။

''ဟကောင်တွေရယ်လာကြည့်ပါအုန်းဟ
ကျောင်းသူသစ်လေးကရှယ်ချောတာဟ''

ကောင်မလေးဟာရွှေအိုရောင်ဆံနွယ်များကို
ပိုင်ဆိုင်ထားပြီးမျက်နှာအသွင်အပြင်က
ချောမောလွန်းလှတာကြောင့်ကျောင်းသားများ
ဟာထိုကောင်မလေးရဲ့အနားကိုသွားရင်း
ထိတွေ့ဖို့ကြိုးစားနေသည်။

Aunty Daisy Where stories live. Discover now