part 5

2.3K 396 154
                                    

Unicode

ဒီနေ့က ကျောင်းပိတ်ရက်ဖြစ်သည်မို့
lisaတစ်ယောက်စောစောထရင်းအဘွား
ကိုကူညီပေးနေသည်။

''မြေးလေးအဘွားကိုဒီပန်းစည်းတွေ
သွားပို့ပေးပါအုန်း''

''ဟုတ် ပို့ပေးမှာပေါ့''

''ပန်းစည်းပို့ပေးမယ့်နေရာကဝေးတော့
မောင်ရင်ဂူရှစ်ကို ဆိုင်ကယ်နဲ့ပို့ပေးဖို့
အဘွားအကူအညီတောင်းထားတယ်''

''အဘွားကလဲ ဘာလို့ခေါ်ထားတာလဲ
သမီးဘာသာသွားလို့ရတာဘဲ''

ဂူရှစ်ဆိုတဲ့ကောင်လေးဟာ အဘွားဆိုင်ဘေးမှ
အသီးဆိုင်ကအဒေါ်ကြီးရဲ့သားဖြစ်သည်။
ဂူရှစ်ကlisaကို​ကြောင်နေတဲ့သူမို့အတူ
မသွားချင်ပါ။

ခနကြာတော့ ဂူရှစ်တစ်ယောက် lisaနဲ့နှစ်ယောက်
တည်းသွားရမယ်ဆိုတဲ့အသိကြောင့်
သန့်သန့်ပြန့်ပြန့်ရှိုးစမိုးထုတ်ပြီး lisaရှေ့
ရောက်လာသည်။

''သားလေးဂူရှစ်ရောက်လာပြီလား
lisaကိုသေချာပို့ပေးလိုက်နော် အဘွားစိတ်ချမယ်''

''စိတ်ချလိုက်ပါအဘွားရဲ့မြေးကို ကျွန်တော်
အသက်နဲ့ရင်းပြီးကာကွယ်ပေးမှာမို့မှာပါဗျ
ဟဲဟဲ''

''သောက်ပိုတွေပြောပြီးအဘွားကိုစမနေနဲ့
အမြန်သွားမယ်''

lisaတစ်ယောက်ဆူပုတ်ပုတ်နဲ့ဘဲလိုက်သွား
ခဲ့သည်။

​.....

''mina ဒီမနက်ပိုင်း အချိန်ဇယားတချက်
ကြည့်ပေးအုန်း''

''ဟူတ်မမ ဒီမနက်ပိုင်းတော့လုပ်စရာမရှိပါဘူးရှင့်
နေ့လည်၁နာရီမှ အစည်းအဝေးရှိပါတယ်မမ''

''ဒါဆိုငါခေါင်းနဲနဲနောက်နေလို့အပြင်ခန
သွားအုန်းမယ်နေ့လည်ပြန်လာမယ်''

''ဟူတ်ကဲ့မမ''

jenတစ်ယောက် ဟိုနေ့ညlisaနဲ့စကားပြောပြီး
နောက်ရက်ပိုင်းအနည်းငယ်အလုပ်ရှုပ်နေတာ
ကြောင့်မတွေ့ဖြစ်တော့ပေ။ ထို့ကြောင့်သူ့ကလေးကို
လွမ်းနေမိသည်။ လွမ်းစိတ်ကလေးပျောက်ဖို့ရာ
lisaရှိရာပန်းဆိုင်လေးသို့သွားလိုက်သည်။

အခြားတစ်ဖက်မှာတော့...

''ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်နော်
ဦးလေးနောက်ဆိုလဲလိုချင်တာရှိရင်သမီးတို့
ဆိုင်ကမှာယူလို့ရပါတယ်ရှင့်''

Aunty Daisy Onde histórias criam vida. Descubra agora