part 13

2.2K 300 48
                                    

Unicode

ပွဲချိန်ရောက်ပြီမို့ ကုမ္ပဏီနဲ့ဆက်နွယ်သည့်
လူကြီးမင်းများနှင့်တကွသူတို့သားသမီးများပါ
တပါတည်းရောက်လာကြသည်။

ကောင်မလေးအများစုဟာsexy typeလေးမို့
sexy ကိုမှသဘောကျတဲ့ အဆိုးလေးအာရုံတွေ
ကျွန်မအပေါ်မရှိတော့မှာစိုးရိမ်မိရဲ့။

''ဟေး အန်တီ''

ဟောရောက်လာပါပြီကျွန်မရဲ့
အလွမ်းမူပိုင်ရှင်လေး။အဆိုးလေးကသူပြောခဲ့သလိုပင်
လှပစွာနွဲ့နွဲ့နှောင်းနှောင်းဝတ်ဆင်လာခဲ့သည်။
ပန်းနုရောင်အဖျော့ဂါဝန်ရှည်လေးဝတ်ဆင်ထားသည်။
ဆံမြိတ်လေးကိုညီတန်းလေးနှင့်အပြုံးချိုချိုလေးက
ကလေးငယ်ကို အရင်ကထက်နှစ်ဆချောမောလှပပြီး
ချစ်ဖို့ကောင်းစေခဲ့သည်။

ခုညလေးမှာ ကျွန်မကောင်မလေးဟာ
ပွဲအတွင်းရှိအမျိုးသမီးထုတရပ်လုံးထက်
ပိုပြီးချစ်ဖိူ့ကောင်းနေတော့သည်။

''wow အန်တီဘယ်လိုများလှရက်လွန်းနေတာလဲ
သမီးရဲ့အန်တီရောဟုတ်ရဲ့လားဟင်
နတ်ပြည်ကဆင်းသက်လာတဲ့နတ်သမီး
ဖြစ်နေလားမသိဘူးနော်''

''လီလီနော် ပေါက်ကရတွေလျှောက်မပြောနဲ့''

''တကယ်အန်တီဒီညသိပ်ကိုလှလွန်းတယ်''

''ကိူယ့်ကလေးလေးကပိုပြီးချစ်ဖို့ကောင်းတယ်''

''ဘယ်ကသာချစ်ဖို့ကောင်းရမှာလဲ
အန်တီကမပြင်ဆင်ခဲ့နဲ့ဆိုလို့
ရိုးရိုးရှင်းရှင်းလေးဘဲအရင်ကသိမ်းထားတဲ့
ဂါဝန်လေးဘဲဝတ်လာခဲ့တာ''

''မမ ပြောစရာရှိလို့''

''လီလီခနနေခဲ့အုန်းနော်
ကိုယ်ခနနေပြန်လာမယ်''

ကျွန်မတို့ပြောနေရင်းminaလာခေါ်သည်မို့
လိုက်သွားလိုက်သည်။

''mina ဘာဖြစ်လို့လဲ''

''မမဟိုမှာ Mr parkတို့ရောက်နေတယ်''

''သူတိူ့ရောက်တော့ဘာဖြစ်လဲ
ဖိတ်ထားလို့လာကြတာဘဲမလား''

''သူတို့က VIP နေရာမှာနေရာချပေးဖို့
ပြောနေပါတယ် ကျွန်မကမရဘူးပြောတော့
ပြသနာရှာနေလို့ပါ''

Aunty Daisy Where stories live. Discover now