part 1💔

18.2K 547 56
                                    

*Unicode*

ဝဿန်မိုးရာသီ ပီသစွာ အာကာတစ်ခွင်
ညိုမဲနေသောတိမ်တိုက်များက
ဖြန့်ကျက်နေရာယူထားတာ သူရိန်နေမင်းကြီးပင် ထွက်မလာနိုင်။တသုန်သုန်တိုက်ခတ်လာသော လေပြည်များက
သူ့ပျော်နေသည်ကို ထပ်တူခံစားမိဟန်ပင်။

အချိန်အားဖြင့် မနက်8နာရီကျော်ကျော်ရှိပြီဖြစ်တာကြောင့်
လမ်းမပေါ်တွင် ကိစ္စအရေးအကြောင်းကိုယ်စီဖြင့်
သွားလာနေကြသူတေ အများအပြားပင်။

ဟီး....ကျွန်တော်အပါအဝင်ပေါ့!!

လေဒဏ်အေးအေးကိုအံတုရင်း
ချစ်ရသူကောင်လေးနှင့်ချိန်းဆိုထားတဲ့ နေရာလေးကို
ချိန်းထားတဲ့အချိန်ထက် စော၍သွားနေခဲ့တယ်။

အွန်း.....တစ်မျိုးမထင်ပါနဲ့
Darling စောင့်နေရမှာစိုးလို့ပါ။
ပိုချစ်ရတဲ့သူကကိုယ်ဆိုတော့လည်း
ချစ်ရသူငြိုငြင်သွားမှာမျိုးမလိုဘူးလေ
ဒါကိုပိုတယ်လို့မှမခေါ်ပဲ။

အပြုံးများတောက်ပစွာ
တက်ကြွနေသောခြေလှမ်းတွေကဦးတည်ရာနေရာစီသို့
တစ်စိုက် မှတ်မှတ်သွားနေသော
ထိုကောင်လေးစီမှ လေတစ်ချက်ဝေ့တိုင်း
ယိမ်းသဲ့သွားသောဆံနွယ်ညိုညိုတွေရယ်
သင်းပျံလာတဲ့ Tulip ပန်းရနံ့လေးကို ရှူရှိုက်မိသူတိုင်း
သဘောကျကြမှာဧကန်ပင်...

သမင်မျက်ဝန်းအလား
ဝိုင်းစက်နေသောမျက်ဝန်းနက်နက်လေးကို
ရှည်လျားကော့ညွတ်နေသော
မျက်တောင်များက စီစီရီရီဝန်းရံထားသည်။
ဖြောင့်စင်းနေတဲ့နှာတံလေး..ထိပ်ပိုင်းအနားသတ်သည်
လုံးလုံးလေးဖြစ်နေ၍ အသဲယားစရာဧကန်။
ဆေးကူမပါသော
ဆာကူရာရောင်နှုတ်ခမ်းခမ်းပါးပါးလေး
အောက်ကမှဲ့နက်လေး...တကယ်ရူးပစ်ချင်လိုက်တာ
သဲ့သဲ့လေးပြုံးလိုက်ရုံနဲ့တင်မို့တက်လာသော
ပါးဖောင်းဖောင်းလေးက
ကိုက်ချင်စရာကောင်းအောင်မြူစွယ်နေပြန်သည်။
ချစ်စရာကောင်းတဲ့
ယုန်သွားပိုင်ရှင်လေး ရဲ့နှစ်လိုဖွယ်အပြုံးတေက
ဒီနေ့မှပိုတောက်ပလို့နေသည်။
ထိုအပြုံးလှလှလေးတေက ကြာရှည်ခံပါ့မလား...

ခြေဖျားလက်ဖျားတွော
အေးစက်နေရသည်မှာ အုံ့စိုင်းနေတဲ့ရာသီဥတုကြောင့်လား?
ချစ်သူသက်တမ်း3နှစ်အတွင်း
ပထမဆုံးအကြိမ် Darlingဘက်ကချိန်းဆိုခဲ့တာကြောင့်လား
ဝေခွဲမရအောင် ဝေဝေဝါးဝါး။

Sour Candy (Complete) Where stories live. Discover now