part 4💔

3.8K 307 26
                                    

*Unicode*

Darlingကသူ့လက်ဆွဲပြီး
ဆိုင်ပြင်ခေါ်ထုတ်လာကာ
ဟန်မြစ်ဘေးကလျှောက်လမ်းစီခေါ်လာခဲ့သည်။
Darlingကနားလည်ရခက်သည်။
သူစိမ်းတွေအဖြစ်နေဖို့ပြောတာလဲDarling
အကို့ရှေ့မှာရင်းနှီးတယ်လို့ပြောတာလဲDarlingပဲ။

ထိုင်နေတဲ့ဂျွန့်ကိုကျောပေးကာ
ဟန်မြစ်ဘက်လှည့်ထားတဲ့ Darling စီက
အသက်ရှူသံပြင်းပြင်းတွေကြားနေရသည်။

မြင်နေရတဲ့ကျောပြင်ကျယ်ကြီးကို
နောက်ကနေထွေးပိုက်ထားချင်တယ်
အတွေးထက် လူက Darling အနားရောက်သွားပြီး
Darling ခါးထက်သူ့လက်နှစ်ဘက်ဖြင့်
တင်းကြပ်စွာဖက်လိုက်ပြီး မျက်နှာနုနုလေးကို
ကျောပြင်ကျယ်ကြီးနှင့်ထိကပ်လိုက်သည်။
နှာခေါင်းဝသို့ကျီစယ်လာတဲ့ Darling ရဲ့
ယောက်ျားဆန်တဲ့ကိုယ်သင်းနံ့ကို တစ်ဝကြီးရှူရှိုက်ပစ်လိုက်သည်။

"လွမ်းနေခဲ့တာ..Darlingကိုအရမ်းလွမ်းနေခဲ့တာ"

ခပ်အက်အက်အသံလေးအကြား
ထယ်ယောင်းရင်ထဲကြည်နူးမှု
လှိုင်းအသေးစားလေးဖြတ်ပြေးသွားရသည်။
ဂျောင်ဂုနဲ့ဟိုဂီရဲ့ရင်းနှီးလွန်းတဲ့ အပြုအမူတွေကြား
စိတ်အလိုမကျစွာထိုကောင်လေးလက်ကိုဆွဲကာ
ထွက်သာလာခဲ့တာ ဘယ်ကိုသွားရမှန်းသူမသိ
ဂျောင်ဂုကိုဟိုဂီနဲ့နီးကပ်စွာမြင်နေရတာ
သူ့အတွက်အရှုံးသမားလိုခံစားချက်ကြီးဖြစ်ပေါ်စေတာကြောင့်
ဟိုဂီနဲ့အဝေးကိုခေါ်ထုတ်လာပြီး
ဦးတည်ရာကဟန်မြစ်ဖြစ်ခဲ့သည်။

"အွန်း..."

"အာ...တောင်းပန်ပါတယ်။
ငါ......ငါစိတ်မထိန်းနိုင်ပဲ.."

"မလိုဘူး! အဲ့တာကြောင့်မတောင်းပန်နဲ့"

အေးစက်စက်လေသံဖြင့်
ဆတ်ခနဲ့လှည့်လာတဲ့ Darling က
ဖြုတ်ချတော့မဲ့သူ့လက်တွေကို နာနာဆုတ်ကိုင်ပြီး
သူ့မျက်ဝန်းတွေကိုစူးစိုက်ကြည့်သလိုဖြင့် ရှေ့တိုးလာသည်။

အကြည့်တွေကိုရင်မဆိုင်နိုင်၍
ရှောင်လွဲဖို့ရာကြိုးစားပေမဲ့ Darling ကသူ့မေးဖျားကို
ဆွဲယူကာ မျက်ခုံးတန်းတို့ကိုတွန့်ချိုးပြီး
နှုတ်ခမ်းပါးကိုလက်မဖြင့်လာပွတ်သပ်နေသည်။

Sour Candy (Complete) Opowieści tętniące życiem. Odkryj je teraz