part 17 💔

3K 275 74
                                    

*Unicode*

" ကင်မ်နီဝန်း!!!
ခင်ဗျားတကယ်လူစိတ်မရှိတာပဲ"

ကလေးငယ်ရဲ့စိတ်ကိုလှည့်ဖျားသွားခဲ့တဲ့
အသံဖိုင်ကတကယ်ကို အတုဖြစ်နေခဲ့တာပဲ...
တရားခံကထင်ထားသည့်အတိုင်း
ကင်မ်ထယ်ယောင်းရဲ့မိခင်။

မိခင်တစ်ဦးဖြစ်ပါလျက်
တခြားသောမိခင်ရင်ကျိုးရမဲ့ ဖြစ်ရက်ကို
တွေဝေတုန့်ဆိုင်းခြင်းမရှိ လုပ်ဆောင်ခဲ့တာ။
ရက်စက်လွန်းပါဘိ။

"ငါ့သားအတွက်ငါဘာမဆိုလုပ်မှာပဲ
ငါ့သားပြည့်စုံဖို့ ဒေစီယာနဲ့လက်ထက်မှကိုဖြစ်မှာ!"

"အဲ့တာနဲ့ပဲ သေစေနိုင်မှန်းသိသိ
သားငယ်ရဲ့အားနည်ချက်ကိုအခွင့်ကောင်းယူပြီး
နှလုံးထုတ်ပေးခိုင်းခဲ့တယ်ပေါ့လေ "

"မင်းဘက်က ဒေစီယာကိုအရင်လုပ်ကြံခဲ့တာနော်
ဝူလီရာ!"

သားဆိုသော အတ္တစိတ်နှင့်မိခင်နှစ်ဦး၏
စကားဝိုင်းဖြစ်သည်မို့ မင်ယွန်းဂီအသံတိတ်၍
သာနေလိုက်မည်။
ထောင်ထောင်မောင်းမောင်းကင်မ်နီဝန်းနှင့်
ယဥ်လျှင် ဂျွန့်မေမေလီရာက
အမျိုးသမီးငယ်လေးသာသာမို့ ရှောင်ထွက်ပေးဖို့ရာမဝံ့။

"သားငယ်ကိုဝမ်းနည်းအောင်လုပ်နေတဲ့အရာမှန်သမျှ
ဆူးငြောင့်ခလုတ်ရှင်းသလိုရှင်းပြစ်ရမှာ ကျွန်မတာဝန်ပဲ..."

"မင်း မင်း....."

" ကင်မ်ထယ်ယောင်းနဲ့ ဒေစီယာရဲ့တော်စပ်မှုကို
အစ်မအသိဆုံးပါ! ဘာလို့များလက်ထက်ပွဲကို
အတင်းလှုံ့ဆော်နေရတာလဲ...
အစကနေအဆုံးကင်မ်ထယ်ယောင်းဟာ
သားငယ်အတွက်ဆိုတဲ့အမှန်တရားကို လက်ခံသင့်နေပြီ"

မျက်ယွင်းသွားသော နီဝန်းရဲ့မျက်နှာအား
လီရာအသဲနာစွာကြည့်မိသည်။

သည်အမျိုးသမီးဟာလေ ဂုဏ်ဓနတွေအတွက်
သွေးသားတော်စပ်နေသည့် မောင်နှမကို
လက်ထက်ဖို့ဖျားယောင်းသည်တဲ့
မည်မျှလောက်ယုတ်ညံ့လိုက်သည်လဲ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်ကပေါ့
ဘယ်သူနဲ့ရခဲ့မှန်းမသိတဲ့ ကလေးကိုပိုက်ပြီး
လီရာတို့လင်မယားထံ သူ့သမီးအားမွေးစားပေးရန်
ခြေတလုံးဖက်ပြီးအကူအညီတောင်းခံခဲ့တဲ့ ကင်မ်နီဝန်း။

Sour Candy (Complete) Tahanan ng mga kuwento. Tumuklas ngayon