part 23🌱/2/

3K 281 90
                                    

*Unicode*

ဝန်ဆောင်မှုကောင်းတဲ့ Hotel တစ်ခု၌ ဘိုကင်ယူထားပြီးသားဖြစ်နေသော်လည်း မသွားမိ။လေဆိပ်သို့လာပို့ပေးသွားသောကားကို ယူကာ အနားယူရန်မြန်ဆန္လွန်းသောအရှိန်ဖြင့် လမ်းများစွာကုိဖြတ်သန်းလာသည်။ New York ဟာသိပ်လှတဲ့ပြီး Date လို့ကောင်းတဲ့မြို့တစ်မြို့...ခံစားချက်မဲ့နေသော သူ့အတွက် New York City ရဲ့အလှအပကိုလည်း ခံစား၍ရမနေခဲ့။

အရင်နှစ်မွေးနေ့က လက်ဆောင်ရခဲ့တဲ့မြို့လည်၌ view ကောင်းသည့် Condo ကိုသာတန်းတန်းမှတ်မှတ်ရောက်ရှိသွားသည်။ ခရီးဆောင်အိတ်တစ်လံုးကိုဆွဲကာ နယ်ကျွမ်းသည့်သူပမာ ခပ်တည်တည်ပင် Condo ထပ်သို့ရောက်ရှိလာခဲ့ပြီ။

အညိုရောင်သံုးထားသည့် အပြင်အဆင်တွေကြောင့်သဘောကျသယောင်တော့ရှိသား။ အိတ်အားကုတင်ပေါ်ပစ်တင်ပြီး ရေချိုးခန်းသံုးရန်အပြင်ဖုန်းဝင်လာသည်ကြောင့် စိတ်ရှုပ်စွာ ကောက်ကိုင်လိုက်သည်။

"ပြော!.."

"ကင်မ်...New York ကိုရောက်နေတယ္ဆို"

"အွန်း "

"ညနေပိုင်းလောက်ကြရင် Club တစ်ခုကိုလာခဲ့ပေးပါလား..."

"အကြောင်းပြချက်"

"ရှယ်ယာရှင်တစ်ဦးက လုပ်ငန္းကိစ္စတိုင်ပင်ဖို့ Club မှာချိန်းတယ်ကင်မ်...ဒေစီတစ်ယောက်တည်းမို့"

ကင်မ်နီဝန်းဆိုတဲ့ ဒယ်ဒီ့နောက်မိန်းမကြောင့် သွေးမတော် သားမစပ်သည့်အစ်မနေရာရောက်လာသည့် ဒေစီယာကိုမျက်နှာကိုမမြင်ချင်သော်ငြား ဒေစီကိုယ်ထဲရှင်သန်နေသည့် ကူးငယ်ရဲ့နှလုံးကြောင့် အဆက်အသွယ်ဖြတ်ဖို့ခက်ခဲလွန်းသည်။

"လာခဲ့ပေးနော် ကင်မ်...ဒေစီ address ပို့လိုက်မယ္"

တိတ်ဆိတ်သွားပြီဖြစ်တဲ့ဖုန်းအား စားပွဲပေါ်တင်ကာ အိတ်ထဲမှာဓာတ်ပုံချပ်အား ထုတ်၍ ကုတင်ခေါင်းရင်ထက်တင့်တယ်စွာချိတ်ဆွဲထားလိုက်သည်။

"ကိုယ့်ရဲ့ကူး အများကြီးလှနေတုန်းပဲ...ကိုယ်နဲ့ဒေစီက သာမာန်ဆက်ဆံရေးပဲရှိတော့မို့ ကူးအတွေးမများနဲ့နော် ကိုယ်မင်းကိုပဲချစ်တာ "

Sour Candy (Complete) Where stories live. Discover now