part 18💔/1/

3K 287 47
                                    

*Unicode*

၉ လပိုင်း ၄ ရက်နေ့။
ကောင်းကင်တခွင် တိမ်မဲတို့အုံ့ဆိုင်းသည့်နေ့။

အချိန်အခါမဟုတ်ညို့တက်နေသည့်
ကောင်းကင်ကြီးနှင့် လေအေးအေးတို့
တိုက်ခတ်တိုးဝေးနေခြင်းကြောင့် ချမ်းစိမ့်စိမ့်။

ဝမ်းနည်းစရာကောင်းအောင်မှိုင်းပြနေသည့်
ရာသီဥတုမှာ ဂျွန်တစ်ယောက်
Darling လက်ဆွဲလို့ Coffee Cafe တစ်ခုသို့
ရောက်လာခြင်း။ မပြုံးမရယ်မျက်နှာထားနဲ့
Darling ကဂျွန့်ကိုသာ စူးစိုက်၍ကြည့်နေသည်။
ဂျွန်ကတော့ အပြုံးရေးရေးလေးဖြင့်သာ။

တည်တန်းနေသော စိမ်းဖန့်ဖန့်မျက်ခုံးသားတွေက
ဂျွန့်သဘောကျရာ။ တင်းတင်းစေ့ထားသော
လေးထောင့်သဏ္ဌာန်နှုတ်ခမ်းပါးမှ
အနမ်းတွေကို နင့်သဲစွာရရှိဖူးသလို
ထိုနှုတ်ခမ်းပါးမှပဲ ရင်ကွဲအောင်
ဓားတစ်ချောင်းလိုစကားလုံးတွေဖြင့်
ပုတ်ခတ်ခြင်းကိုခံခဲ့ဖူးသည်။ သားရဲတစ်ကောင်ရဲ့
မျက်ဝန်းနဲ့ဆင်သည့် မျက်ဝန်းညိုညိုက
ပုံဖော်မရတဲ့အမည်မသိခံစားချက်တွေ
ပါဝင်သောအကြည့်ဖြင့်ကြည့်တက်သလို
ရွံ့ရှာမုန်းတီးတဲ့အကြည့်စူးတွေလဲပစ်လွတ်တတ်သေးတာ။

ခပ်မြင့်မြင့်နှာတံဖျားထိပ်က မှည့်နက်လေးမှာ
ဂျွန်ရူးပစ်ဖို့လုံလောက်သွားခဲ့ပြီလေ...။

မချစ်တက်တဲ့ လူသားကိုမှ
မိုက်မိုက်ကန်းကန်းချစ်မိတဲ့ နှလုံးသားဟာလေ
ရစရာမရှိအောင်ကို စုတ်ပြတ်သတ်ပြဲကွဲနေပြီ။
ချောရက်လှရက်သည့်
အရာတေကသိပ်အန္တရာယ်များကြောင်း
ဂျွန့် Darling ကသက်သေပြနေသည်ဗျ။

"ကော်ဖီသောက်ပြီးရင် ဆေးသောက်ရမှာ...ဆေးပါရဲ့လား"

ဂျွန့်အနက်ရောင်ကုတ်အရှည်အား
ပြင်ဝတ်ပေးနေသည့် Darling ပုံရိပ်ကသိပ်နွေးထွေးတာပဲ။
ဂျွန်ဖြင့် ကြည်နူးလိုက်တာ

"Darling..."

"အင်း"

"မင်းကိုချစ်တယ်"

"............"

"မင်းမြင်ရဲ့လား...ငါ့အချစ်တွေကို"

Sour Candy (Complete) Where stories live. Discover now