part 9💔

2.7K 258 120
                                    

*Unicode*

လောဘတရားတို့ပြည့်နက်နေတဲ့လောကကြီးက
ငွေလေးနည်နည်းထုတ်သုံးလိုက်သည်နှင့်
အသံပုံစံတုတွေပါရလာနိုင်သည်တဲ့။
ဟက်...အရန်ဆောင်ထားခဲ့တဲ့ ထယ်ယောင်းအသံအတုက
အသုံးဝင်သား။

*Darling အသံအစစ်ရော ဟုတ်ရဲ့လား* ဆိုတဲ့
ကောင်လေးရဲ့အမေးမှာ နီဝန်းမျက်ခုံးပင့်မိတာအမှန်။
အမေအရင်းဖြစ်တဲ့သူတောင် အသံဖိုင်ရရခြင်း
ကျိန်းသေကင်မ်ထယ်လို့ထင်ခဲ့တာ။
"ဟုတ်ရဲ့လား* ဆိုတဲ့မေးခွန်းပြန်ထုတ်နိုင်တဲ့ ဝူလီထယ်က
ကင်မ်ထယ်ယောင်းရဲ့အရာရာကိုအလွတ်မှတ်မိသည်အထိ
အချစ်မှာပျော်ဝင်နေခဲ့ပြီ
အင်း......ချီးကျူးပါတယ် လီထယ်
မင်းအချစ်ကမင်းကိုအသက်တောင်းတာတောင်
ကြည်ကြည်ဖြူဖြူပေးရဲလို့။ ဟက်

ကားပေါ်အကျအနထိုင်ကာ
phone screen ဖွင့်လိုက်သည်နှင့်
8:12 pm ဆိုတာလေးကဆီးကြိုလျက်။
ဂျောင်ဂုနဲ့အရည်မရအဖက်မရတေပြောတာ
36 မိနစ်လောက်ကုန်သွားပဲ။
အချိန်တေပုတ်လိုက်တာ ဟင်း.......။

*Tu...Tu......Tu......*

တော်တော်နှင့်မကိုင်သောတစ်ဘက်ဖုန်း။

"ကျစ်!.....ကိုင်စမ်းပါကင်မ်ထယ်ရာ!....."

*Tu.......Tu.......Ti..*

"Hello......."

"ကင်မ်ထယ်......မင်းရောက်နေရာကနေ
ဒေစီ့မောင်လေးရဲ့တိုက်ခန်းကိုပြန်!......"

"အမေ....ဒီချိန်မှာ
ဒေစီ့နှလုံးအစားထိုးဖို့အရေးကြီးနေတာ
ဘာမဟုတ်တဲ့ကောင်စီသွားဖို့အချိန်မရှိဘူးဆိုတာ
နားမလည်ဘူးလား!!"

"ကင်မ်ထယ်ယောင်း!!"

နဂိုမူလအသံက ဩရှရှပေမဲ့
ငိုထားသည်ကြောင့်ခပ်အက်အက်ဖြစ်နေသည့်အသံက
ဟိန်းဟောက်လာတာကြောင့်
နည်းတူ သားဖြစ်သူကိုအော်လိုက်သည့်အခါ
ငြိမ်ကျသွားပြီး ဖုန်းလိုင်းထဲက
ရှိုက်သံလေးတေကတစ်ချက်တစ်ချက်ကြားလာရသည်။

"သေချာနားထောင်သား....
ဒေစီအတွက်နှလုံးအလှူရှင်ဂျောင်ဂုစီမှာရှိတယ်
အမေသွားပြောကြည့်သေးတယ် ဂျောင်ဂုက*
ကင်မ်ထယ်ယောင်းသာ 29 ရက်နေ့ထိ
သူနဲ့အတူလာနေပေးရင် နှလုံးပေးမယ်* တဲ့
သားသွားနေပေးလိုက်ပါနော်......"

Sour Candy (Complete) Where stories live. Discover now