part 21💔

3.2K 266 34
                                    

*Unicode*

တစ်ဖွဲဖွဲကျနေတဲ့ နှင်းနဲ့အတူ
အလွမ်းရဲ့ဒဏ်ဟာလည်း
အေးခဲသွားခြင်းမရှိပဲအသက်ရှူလိုက်တိုင်း
ကူးရဲ့အငွေ့အသက်တို့အား
တောင်းတနေသည့်ရင်ဘတ်ကအောင့်သက်သက်။

မကျက်သေးတဲ့
ဒဏ်ရာရယ်အေးစက်လွန်းတဲ့ ဒီဇင်ဘာရယ်...
နှလုံးသားအနာဟာ ပျောက်ကင်းဖို့လမ်းစမမြင်
မျှော်လင့်ချက်မဲ့လို့နေသည်။

နှင်းမှုန်တွေမြင်တိုင်း
ဖြူစင်တဲ့မင်းအပြုံးတွေကကိုယ့်ကို
ခြောက်လှန့်နေတယ်...တစ်ရက်တစ်ရက် 
မသောက်ချင်ပဲသောက်နေရတဲ့ ဆေးခါးတွေ...
ထိတွေ့မိတိုင်းပျောက်ကွယ်သွားတဲ့ နှလုံးသားငယ်။

ခပ်နွေးနွေးဖောင်းကစ်ကစ်ခန္ဓာအစား
အေးစက်စက်လေဟာပြင်အား မင်းအမှတ်နဲ့
ရူးကြောင်ကြောင်ထွေးပိုက်တဲ့အချိန်တွေ...

သူတို့ကပြောနေကြတယ် ကူးရဲ့...
Darling ကိုအရူးတဲ့ ရူးသွားပြီတဲ့လေ။
လွမ်းနေရုံ ဟင့်အင်း ဒီကလူ ရင်ကွဲမတက်
မင်းကိုတောင်းတနေရုံ။

"ထွက်ပြေးပြီးရင်လည်း Darling စီ
ပြန်လာပါတော့ကွာ...ကူးကို ချစ်ရေးဆို ဦးမယ်..
.ဟင့်...Darling မင်းကို မင်းကိုဘယ်လောက်
ချစ်ကြောင်းပြော ပြောပြမှာမို့
လာနားထောင်ပါဦးကိုယ့်ရဲ့ကူး...."

ပါးတစ်လျှောက်လိမ့်ဆင်းသွားသော
မျက်ရည်စီးကြောင်းဟာ ခပ်နွေးနွေးရယ်။

ဟဟ သုတ်ပေးမဲ့မင်းမရှိတော့မှ
မျက်ရည်တွေကကျကျလာတယ်...
မင်းကြည့်နေလား ဒီလူရင်ကွဲနာကျပြီး
စိတ္တဇအထူးကုဆေးရုံကြီးမှာ အရူးတစ်ယောက်လို
ဆက်ဆံခံနေရတာမင်းမြင်ရဲ့လား။

"ထယ်ယောင်း...ပြန်ကြရအောင်"

"ကူးကစိတ်ကောက်ပြေလို့ပြန်ခေါ်ခိုင်းပြီပေါ့...
ငါကူးကိုအများကြီးလွမ်းနေတာ..."

ဆွေးရိပ်သမ်းနေသောမျက်ဝန်း၌
မျက်ရည်တစ်ပိုင်းတစ်စ...
အားတင်းပြုံးနေသော ထယ်ယောင်းစကားတွေအား
ဂျီမင်ခေါင်းငြိမ့်ကာထောက်ခံရုံမှအပ
ဘာမှမလုပ်ပေးနိုင်။

အခုရက်ပိုင်း အခြေအနေကောင်းလာသည့်
ထယ်ယောင်းစိတ်ကြောင့်
ဂျွန့်ရဲ့တစ်လပြည့်မှာအပြင်ထွက်ရန်
ဆရာဝန်တွေအား ခွင့်တောင်းထားခြင်း။

Sour Candy (Complete) Where stories live. Discover now