part 5💔

3.2K 274 39
                                    

*Unicode*

တစ်ဟုန်းဟုန်းလေတိုးသံ ရွာသွန်းနေတဲ့မိုးသံတို့ကြား
သာယာဖွယ်အော်ညီးသံတို့က
တစ်ချက်တစ်ချက်နားစည်ကို လာရောက်ရိုက်ခက်တိုင်း
လှုပ်ရှားမှုတို့မြန်ဆန်ကာ ပိုတိုးလို့ရယူမိပြန်ရဲ့။
ချွေးစတချို့ဖြင့်
နာကျင်မှုကို အောက်နှုတ်ခမ်းကိုဖိကိုက်၍
ဖြေသိပ်နေပုံလေးက သိပ်လှရက်လွန်းတဲ့သက်ဝင်ပန်းချီကား
ငွေ့ရည်ဖွဲ့နေတဲ့ မျက်ဝန်းဝိုင်းဝိုင်းကြီးနေနဲ့
ရွှန်းရွှန်းစားစားခစားလာရင်
မောဟိုက်နေတဲ့ကြားကရယ်မောမိသည်အထိ
သဘောကျကြောင်း ထယ်ယောင်းပြသမိသည်။

Darlingကို ချစ်လို့ ပထမဆုံးကိုပေးမိတာ။
ယူပါကြိုက်သလောက် အသုံးတော်ခံဘဝမှာ
ဂျွန်ပျော်မွေ့ပါရစေ။
သိပ်ချစ်လို့လွယ်လွယ်ပေးခဲ့တာ
ဈေးပေါတယ်လို့မထင်ရက်ပါနဲ့
ဈေးပေါနေရင်တောင် ကင်မ်ထယ်ယောင်းဆိုတဲ့
Darlingအတွက်ပဲ ဖြစ်မှာ။
ရူးရူးမိုက်မိုက် အချစ်နှည်းနှောမှု မဟုတ်ဘူး
မိုက်မိုက်ကန်းကန်း သွေးသားပေါင်းစည်းမှုမှာ
အချစ်ဆိုတဲ့အရာက တစ်ဖက်သတ်သာပါဝင်နေလေတော့
စည်းချက်ညီညီလှုပ်ရှားချက်တိုင်းမှာ
နင့်နေအောင် အသဲခိုက်မတက်နာကျင်ပါရဲ့။

တန်ပါတယ်
ကြီးကြီးမားမားသူရဲ့ပုံအပ်မှုက တန်ပါတယ်
သူနဲ့မှဖြစ်ပေါ်လာတဲ့ ရှားရှားပါးပါး Darling အပြုံးတွေ
ဒီညအများကြီးတွေ့လိုက်ရတာ သူသိပ်ကျေနပ်သည်။
အပေါ်စီးက ချွေးသံတချွဲချွဲလှုပ်ရှားကာ
မိန်းမောနေတဲ့ Darling ပုံရိပ်
တဖြည်းဖြည်းဝေဝါးလာရတယ်
အင်း...အမှောင်ထုကြီးကစိုးမိုးလို့လာကာ
အိပ်စက်ခြင်းစီဦးတည်လို့သွားပြန်တယ်။

အိပ်လိုက်လို့မဖြစ်ဘူး။
အိပ်နေတုန်း Darling ထွက်သွားတာမသိလိုက်ရရင်
သူဖြင့်ရင်နာရလိမ့်မယ်။
မဖြစ်ဘူး ဆိုသော်ငြား သစ္စာဖောက်
မျက်လုံးကအမှောင်ထုစီဆွဲခေါ်နေလေပြီ။
မလုပ်လိုက်ပါနဲ့ အနားမှာရှိတုန်းလေး ကိုယ့်အပိုင်ဆိုပြီး
တခဏလောက် ကြွေးကြော်ချင်သေးလို့ပါ
ဒီတစ်ညတော့ Darling ကသူ့အပိုင်
သူ့အသွေးအသားမှာ စီးမျောနေတဲ့ Darling ကဂျွန့်အပိုင်ပါ

Sour Candy (Complete) Where stories live. Discover now