part 33💔

3.3K 261 51
                                    

*Unicode*

အချစ်ဆိုတဲ့ မီးတောက်လေးကိုရှာတွေ့ချိန်မှစ သဝန်တိုခြင်း ပိုင်ဆိုင်လိုခြင်း အစချီတဲ့အတ္တအရောင်စုံနဲ့ထိတွေ့ရချိန် စိတ်အစုံဟာအေးချမ်းမနေနိုင်တော့။ တစ်ခါတစ်ရံလွန်သွားတတ်တဲ့ အတွေးတွေကြောင့် သန်သန်မာမာယောက်ျားတစ်ယောက်ဖြစ်ပါလျက် မျက်ရည်တွေက တောက်ခနဲတောက်ခနဲပါပဲ။

မြတ်နိုးရလွန်းတဲ့ နှုတ်ခမ်းဖူးဖူးကတစ်ပါးသူထံ ခစားသွားတဲ့မြင်ကွင်း သွေးပြောင်းပြန်စီးသွားသလို တစ်ကိုယ်လုံးထူထူပူပူ။ ထိုနှုတ်ခမ်းတွေ ဘယ်သူမှမထိရဟု တားမြစ်ချင်တာ။ မှိန်းမှိန်းမောမောကိုနမ်းရှိုက်ပစ်နေတဲ့ Grayson ဆိုတဲ့ကောင်ကိုဆွဲသတ်ပစ်ချင်တာမှမဟားတရား...သို့သော် လိုလိုလားလားပြန်လည်အနမ်းခြွေနေသည့် ချစ်ရခြင်းလေးကြောင့် ဒေါသအစား ရင်ကွဲခြင်းတွေတဆစ်ဆစ်တိုးဝင်လာလေတော့ ဟန်ပင်မဆောင်နိုင်အောင်အလဲလဲအပြိုပြိုဖြင့် သူလေးမမြင်ခင် အိမ်သို့ပြန်ပြေးရသည်။ ဒေစီယာမည်သို့ကျန်ခဲ့သလဲ သူမသိ..ဝေဝေဝါးဝါးမျက်ဝန်းတွေဖြင့် တုန်တုန်ရီရီမမောင်းလာတဲ့ကားဟာ အန္တရာယ်ကင်းစွာနဲ့ တိုက်ခန်းသို့ပြန်ရောက်ခဲ့တာကံကောင်းသည် ဟုဆိုပါမည်။

ဆိုးလိုက်တာ ကူးရယ်။ ဝဋ်လည်ခြင်းတွေလှလိုက်ပုံများ ကိုယ့်မှာတည့်တည့်တောင်မကြည်နိိုင်ခဲ့ဘူး။ အရင်ကကိုယ့်လုပ်ရပ်တွေကို တည့်တည့်ကြည့်ပြီးနေခဲ့ရတဲ့ မင်းဆိုဘယ်လောက်ထိတောင် ခံစားလိုက်ရမလဲ...တောင်းပန်ပါတယ် ကိုယ်တကယ့်ကိုတောင်းပန်ပါတယ် မင်းကိုမစာနာခဲ့တာတွေအတွက်။ ဒီပုံအတိုင်းတာ ဆက်ပြီးဝဋ်လည်နေခဲ့ရင် ကိုယ်တော့အရူးဖြစ်ပြန်ဦးမယ် ထင်တယ်။

ချစ်မိပြီး ကင်မ်ထယ်ယောင်းတို့ ဘာတွေတတ်မြောက်လာသလဲမေး မခံမရက်နိုင်အောင်ရင်တွေပူလောင်ရလွန်းလို့ ရေချိုးခန်းထဲ တစ်စက်စက်ကျနေသောအေးစက်စက် ရေဗန်းအောက် ကုတ်ကုတ်လေးထိုင်ကာ မျက်ရည်မိုးရွာချတတ်ခြင်းတွေ ကောင်းကောင်းကြီးကိုတတ်မြောက်နေတာပြီ။ ပြိုလဲနေတာမျိုးမဟုတ်ပေမဲ့ တကယ်ခံနိုင်ရည်မရှိဘူး ကူးရယ်။

မျက်ရည်တွေဘေးထား Movie date မယ်ဆိုသော အဆိုးလေးရဲ့တစ်ချက်လွှတ်စကားအား သေသေချာချာနာခံသော Darling ဟာတိုက်ခန်းအတွင်းအကောင်းဆုံးကို ပြင်ဆင်ပေးထားတာ။

Sour Candy (Complete) Where stories live. Discover now