part 25💔

3.1K 278 42
                                    

*Unicode*

"လွမ်းနေတာ...ဘယ်လောက်ထိတောင်လွမ်းခဲ့ရလဲ သိရဲ့လား ကိုယ့်ရဲ့...ကူး"

လက်မောင်းကြီးကြီးတွေမှ သိမ်းကြုံးကာတင်းတင်းကြပ်ကြပ်အဖက်ခံရ၍ လူဆိုးလေးဟာတစ်ပါးသူရင်ခွင်ထဲ ငြိမ်ကုတ်သွားခဲ့သည်။ ထွေးလွန်းထဲရင်ခွင်...ခိုဝင်နေရသည့်ခံစားချက်ကိုသဘောကျသလိုပင်။ ခပ်ရှရှကိုယ်သင်းနံ့ နှာဖျားထက်ကျီစယ်ခိုက် အလွမ်းပြေသွားသည့်နှယ်။ ဂုတ်ပိုးဖက် ထိုလူ့ထွက်သက်လေဟာရိုက်ခတ်လာခြင်း၌ JeyKay တစ်ကိုယ်လံုးကြက်သီးလေးတွေထသွားလျက်။ စိမ်းသက်မနေတဲ့ထိတွေ့ခြင်းတွေ အံ့ဩလောက်အောင် ရင်းနှီးနေတာ။

"ကူးကို...ကူးကိုပြန်မရနိုင်တော့ဘူးထင်နေတာ ကိုယ်တောင်းပန်ပါတယ် ကိုယ့်အမှားတွေပါ...ကိုယ့်ကိုမမုန်း မမုန်းလိုက်ပါနဲ့နော်..."

ခပ်သေးသေးကိုယ်ခန္ဓာငယ်က အနည်းငယ်ထွားလာတာကလွဲရင် ဖက်လိုက်တိုင်းအရင်လို ဒီရင်ခွင်နဲ့အံ့ဝင်ခွင်ကျပါပဲ။ ချိုအီအီအနံ့သင်းသင်းလေးတွေအစား Gentleman ဆန်ဆန်ရေမွှေးနံ့ပြင်းပြင်းနှင့် ဝီစကီအနံ့တွေရောယှက်နေသည့် အနံ့စူးစူးတွေကပြင်းလွန်းသည်။ ဒါပေမဲ့လည်းသဘောကျတယ္ ကူးဖြစ်နေလို့ကိုသဘောကျတယ်။ JeyKay ပါလို့ပြောနေလည်း မင်းကိုအလွတ်မှတ်မိနေတဲ့ ကိုယ့်အသွေးအသားတွေကပြောတယ် *မင်းရဲ့ကူးပါ*တဲ့။

မထိန်းချုပ်နိုင်တဲ့မျက်ရည်စတွေက ဂုတ်ပိုးသားဖွေးဖွေးပေါ်ဆင်းသက်ကုန်သည်။ ပျော်လွန်းလို့ကျတဲ့မျက်ရည်တွေမှာ နာကျင်ခြင်းသည် 25℅ အချိုးကျပါဝင်သည်။

ကိုယ့်အရှေ့မှာ တစ်ခြားသူနဲ့အနမ်းဖလှယ်နေတဲ့မြင်ကွင်းကြီးက ရင်ကိုမီးနဲ့ထိုးသလိုပူလောင်လွန်းပါရဲ့ ကူးရယ်။

"ခင်ဗျား...လွှတ်! "

"ခဏ...ခဏလေးပါပဲ ခဏလေးပဲဖက်မှာပါ...ဂျွန်ဂျောင်ဂုမဟုတ်ဘူးလို့ ငြင်းမှာသိပေမဲ့ ကိုယ့်အတွက်ခဏလောက်ပဲငြိမ်နေပေးပါ...တောင်း တောင်းဆိုပါတယ် ကိုယ်မင်းကိုတောင်းဆိုပါတယ်"

သိသိတာတာတုန်ရီနေသည့် အသံတွေမှာ ထိုလူဝမ်းနည်းလွန်းနေကြောင်း ကျောထက်စိုစွတ်လာသည့် မျက်ရည်တွေကသက်သေတည်သည်။

Sour Candy (Complete) Where stories live. Discover now