အပိုင်း(1)

5.3K 210 9
                                    

ချည်နှောင်ကြိုး အပိုင်း (1)

(ဒီဇတ်လမ်းလေးက စာရေးသူရဲ့idolဖြစ်တဲ့ဇတ်ကားကိုမှတ်မိသလောက်လေးနဲ့
စာရေးသူ ရဲ့ စိတ်ကူးရင် အတွေးများ ပြန်လည် ပေါင်းစပ်ပြိးရေးသားထားချင်းဖြစ်ပါသည်)☺

တောင်တန်းကြိးတွေပတ်ပတ်လည်နဲ့စိမ်းလန်းစိုပြေတဲ့ကျေးရွာလေးတစ်ရွာမှာ အိမ်ခြေ တစ်ရာကျော်လောက်လေးနဲ့ တည်ထားတဲ့ရွာငယ်လေးတစ်ရွာရှိသည်

ထိုရွာလေးသည် သဘာဝ ကျေးငှက်တွန်သံတွေနဲ့စမ်းချောင်းရေစိးဆင်းသံတို့နှင့် အလွန်မှ သာယာလှပေသည်

တောရွာလေးဖြစ်တဲ့အတွက်ကြောင့် လူချမ်းသာတွေအသိုင်းအဝိုင်းကသိပ်မရှိပေ
ရွာသူရွားသားအများအားဖြင့် လယ်ယာလုပ်ကိုင်စားသောက်ကြသည်

ရွာတွင် မြို့နဲ့အချိန်ဆက်လုပ်ပြိး ထွက်ကုန်ဖြစ်တဲ့ ပြောင်း စပါး ပဲ နမ်း အစရှိသည်တို့ကို မြို့ကသူဌေးနဲ့ ဆက်သွယ် ထားပြိး ရောင်းချနေတဲ့လူများသာ ပိုက်ဆံ အသင့်သင့်ရှိ​ကြလေသည်

.............

စမ်းချောင်းလေးမှ စီးဆင်းလာသော ရေတွေကိုကြည့်က အတွေးများနေခဲ့တဲ့ကောင်လေးတစ်ယောက်

" ဟိတ် ..ဘယ်ရောက်နေလဲလို့ ရှာလိုက်ရတာ အဂျီရယ် "

" ငါ့ကိုရှာတာ ကိစ္စ ရှိလို့လားထယ် "

" မရှိပါဘူး ငါဒီအတိုင်းလာလည်တာ အိမ်မှာမင်းမရှိလို့ "

" ကြိးမေကော အိပ်နေပြီလား "

"ဘယ်အိပ်ဥိးမှာလဲ မင်းမှပြန်မရောက်သေးတာကို "

" ဒါဆိုလဲ ပြန်ရအောင် "

နှစ်ယောက်သား လမ်းလေးလျှောက်ပြိး
ခြံကာတောင် မရှိတဲ့ ဂျီမင်းတို့
ဝိုင်းအိမ်​လေးကိုပြန်လာခဲ့ကြသည်

ကျနော်ကတော့ ပတ်ဂျီမင်းပါ စာမတတ်ပေမတတ် အဖေအမေမရှိတော့ပဲ ငယ်ငယ်လေးကတည်း ကြိးမေဆီမှာပဲကြိးပြင်းခဲ့ရသည် ထယ်ကတော့ ကျနော့ရဲ့အချစ်ရဆုံးနဲ့
အားအကိုးရဆုံး သူငယ်ချင်းပေါ့

" ပြန်လာကြပီလား "

"ဟုတ်"

" သားဂျီရယ် သားကို ကြိးမေဘာပြောထားလဲ ညဘက်တွေ လျှောက်မထွက်ရဘူးလို့မှာထားတယ်မဟုတ်လား "

ချည်နှောင်ကြိုး Where stories live. Discover now