အပိုင်း(3)

1.6K 137 14
                                    

ချည်နှောင်ကြိုး အပိုင်း(3)

" မောင်လေး အိပ်ငိုက်ရင်အိပ်တော့လေ မနက်ကျရင် အစောကြိး ထရမှာ "

" ဟိုလေ မမကြိး အရိးလေးဒေါ်ထားရီက ဘယ်မှာနေတာလဲ "

" ဒေါ်ရီက သူ့သမိးကလေးမွေးလို့ အဖော်သွားလုပ်ပေးနေတာ နေတာကတော့ဒီမှာပဲနေတယ်လေ "

" ဟုတ်ကဲ့"

သူတို့နှစ်ယောက်စကားပြောနေတာကို
ဂျောင်ကုတစ်ယောက်အတိုင်းသားကြားနေရသည် မမနဲ့ အိမ်မှာခိုင်းဖို့ခေါ်ထားတဲ့ကောင်လေးနဲ့က အခုမှသိပြိး တော်တော်ရင်းနှီနေကြတာပဲ

" ပတ်ဂျီမင်း သွား သားငယ်အခန်းမှာ သန့်ရှင်းရေး သွားလုပ်ပေးလိုက် "

" ဟုတ်ကဲ့ပါ မေမေကြိး "

" သားငယ် ဂျီမင်းလေးကိုအခန်းလိုက်ပြပေးလိုက်ဥိး "

" ဟာ ဒယ်ဒီကလဲ ဒီမှာဂိမ်းကစားနေတာလေ
မမ နင်အားရင်သွားပြပေးလိုက် "

" အေးပါ "

လူတွေရှေ့မှာတောင်
တစ်ချိန်လုံး မမနဲ့တစ်တွတ်တွတ်ပြောနေတာ
အခန်းထဲရောက်ရင်နှစ်ယောက်ထဲဖြစ်နေရင် စိတ်ချရတာမဟုတ်ဘူး အခုမှရောက်တဲ့ကောင်ဆိုတော့

" နေဥိး မမ ငါပဲသွားပို့ပေးလိုက်မယ် "

ဂျီမင်းတစ်ယောက်လဲ
အပြောင်းလဲမြန်တဲ့ သူဌေးသားအနောက်ကိုမှီအောင်ပြေးတက်လာခဲ့ရသည်
အခန်းထဲရောက်တာနှင့် မွေ့ယာပေါ်အိပ်ချပြိး ဂိမ်းသာဆက်နှိပ်နေလေသည်

အဂျီလဲ အခန်းထဲမှာ ပွပြဲလန်နေတဲ့အဝတ်တွေအသုံးဆောင် ပစ္စည်းတွေ လိုက်ကောက်တာ စီစီရီရီ တင်ထားပေးလိုက်သည်

" မင်းနာမည်က ပတ်ဂျီမင်းလား "

" ဟုတ်ပါတယ် အကိုလေး "

မမကြိးကအရွယ်တူတယ်ပြောပေမဲ့လဲ ကို့ရဲ့သူဌေးသားဆိုတော့ ရိုသေစွာခေါ်ရမယ်လေ

" မင်းကို ငါပြောထားမယ်နော် သေချာနားထောင် "

" ဟုတ်ကဲ့ပါ အကိုလေး "

" အေး လူမရှိပဲ ငါ့အခန်းကိုမဝင်ရဘူး
ပြိးတော့ နေ့တိုင်းလဲ သန့်ရှင်းရေးလာလုပ်နေစရာမလိုဘူး "

ချည်နှောင်ကြိုး Where stories live. Discover now