ချည်နှောင်ကြိုးအပိုင်း(2)
" အဂျီရေ ဒီမှာ ငါ လယ်ထဲကပုဇွန်လုံးတွေ
နိုက်လာတယ် ရော့ "" ဟာ အများကြိးပါလား မင်းကောယူထားပြိးပြီလား "
"မယူထားတော့ဘူး အမေတို့ကသိပ့်မကြိုက်လို့ ဒါနဲ့ကြိးမေကေ နေကောင်းပြီလား "
" ဟင်အင်း မသက်သာသေးဘူး ငါဘယ်လိုလုပ်ရမလဲ ကြိးမေကဆေးဖိုးတောင် မရှိတော့ဘူးထင်ပါတယ် "
" ဟင် ဟုတ်လား "
" ဟုတ်တယ် အကြော်မရောင်းရတာလဲ
တစ်ပတ်ပြည့်တော့မယ် ဆေးခန်းလဲနေ့တိုင်းသွားနေရတယ်ဆိုတော့ ကြိးမေလက်ထဲ
ပ်ိုက်ဆံ ရှိတော့မှာမဟုတ်ဘူး ဒါကြောင့်
ငါအလုပ် လိုက်လုပ်ချင်တယ် "" ရော့ လောလောဆယ် ငါ့မှာရှိတာလေးယူထားလိုက် "
" ဟင်အင်း ငါမယူချင်ဘူး ထယ် ငါမင်းတို့နဲ့အလုပ်လိုက်လုပ်ပါရစေ "
မျက်ရည်လေးဝဲပိးပြောနေတဲ့သူငယ်ချင်းကိုဘယ်လိုအားပေးရမလဲ ကျနော်မသိပါ
ကျတော်သိတာက သူအလုပ် လုပ်လို့မဖြစ်ဘူးဆိုတာပင်" ထယ် ငါပြောတာကြားလား မင်းတို့နဲ့အလုပ်လိုက်လုပ်မယ်လို့ "
" မင်းအလုပ် လုပ်လို့ဖြစ်ပါ့မလား မင်းတစ်ခါမှလဲမလုပ်ဖူးဘူး ပြိးတော့ ဟော့ဒီကမင်းရဲ့လက်ဖဝါးနုနုလေးတွေ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး"
" ခံနိုင်ရည် ရှိရမှာပေါ့ ငါလဲမင်းတို့နဲ့ဘဝတူပဲလေဟာ "
" ရွာထဲမှာသက်သာတဲ့အလုပ်လေး ငါလိုက်ကြည့်ပေးပါ့မယ် ငါတို့နဲ့လိုက်လုပ်ဖို့ဆိုတာတော့ လုံးဝမဖြစ်နိုင်ဘူး "
" အေးပါ ငါအားကိုးမယ်နော်ထယ်
ကြိးမေကို ပျောက်အောင်ငါကုပေးချင်လို့ "" အောင်မယ်လေးသားရယ် အလုပ်လိုက်လုပ်စရာမလိုပါဘူး ကြိးမေအကြော်လေးမရောင်းနိုင်ပေမဲ့ ငါ့သားကိုတော့ငတ်အောင်မထားပါဘူး ကြိးမေမှာ နားကပ်လေး
တစ်ရံတော့ရှိပါသေးတယ်အေ "" မဟုတ်ဘူးလေ ကြိးမေရဲ့ အဂျီလဲ သူ့ဘဝသူလျှောက်လမ်းနိုင်ဖို့ အလုပ်လေးတစ်ခုလောက်ရှိမှ ရမယ်လေ မဟုတ်ဘူးလား "
ΔΙΑΒΑΖΕΙΣ
ချည်နှောင်ကြိုး
Fanfictionငါဆိုတဲ့ကောင်က စော်ကားခံရလို့ ရလာတဲ့ ကိုယ်ဝန်ကြောင့်ဘယ်သူ့ဆီကမှ အောက်ကျခံမဲ့ကောင်မဟုတ်ဘူး