အပိုင်း(12)

1.7K 121 5
                                    

ချည်နှောင်ကြိုးအပိုင်း (12)

မြို့ရဲ့အိမ်ကြိးမှာတော့ နေမကောင်းဖြစ်နေတဲ့
ဒေါ်ရိုစီကို ဟန်နာတစ်ယောက်ဆန်ပြုတ်ခွံ့ကျွေးနေသည်

" တော်ပါပြီ သမီးရယ် စားချင်စိတ်လည်း
မရှိပါဘူး မာမိရင်ထဲမှာကတုန်ကယင်နဲ့ "

"ကတုန်ကယင်ဖြစ်မှာပေါ့သမီးရယ်သမီးမာမီ ညကတစ်ညလုံးမအိပ်ဘူး အိမ်မက်ဆိုးတွေမက်တယ်ဆိုပြီးတော့ ကုတင်ပေါ်မှာ
ဟိုဘက်ဒီဘက်လူးလိမ့်ဖြစ်နေတာ "

" ဖြစ်မှာပေါ့ကိုကျော်စွာရယ် အိပ်မက်ထဲမှာ
သားငယ်ကို တုတ်တွေနဲ့ ဝိုင်းပြီးရိုက်နေကြတယ်
ဓါးတွေနဲ့ ဝိုင်းပြီးထိုးနေကြတယ် တကယ်တာအပြင်မှာဖြစ်ရင် ကျွန်မရင်ကျိုးရမှာပေါ့ ကိုကျော်စွာရယ် "

" အဲလောက်ထိလည်း တွေးမပူနေပါနဲ့မရိုစီ
ရယ် မင်းသားအကြောင်းလဲ မင်းသိတယ်မလားသားကရောက်တဲ့အရပ်မှာပျော်ပျော်နေတတ်ပါတယ် သူ့ကိုဝိုင်းပြီးတော့ချစ်ကြမှာပါ "

" အဲလိုပဲဖြစ်ပါစေလို့ကျွန်မဆုတောင်းပါတယ် ကျွန်မအိပ်မက်ထဲမှာလေ ဂျီမင်းက ကိုယ်ဝန်အရင့်အမာကြီးနဲ့ မွေးရဖွားရလွယ်ပါစေ "

..........,........

ထယ်ယောင်း တစ်ယောက်
နွားတွေဆွဲပြီး ရွာထဲဝင်အလာမှာ ရေးကြီးသုတ်ပျာနဲ့ပြေးလာတဲ့နန်ဂျွန်းနဲ့ဂျင်း

" ဟျောင့် မွေးပြီကွ မွေးပြီ "

" ဟုတ်လားမင်းတို့အိမ်ကနွားမကြီးမွေးတာလား ကောင်းတာပေါ့အထီးလေးလား ဒါဆိုမင်းအိမ်တွက်အသုံးဝင်တာပေါ့ "

"  ဟာမဟုတ်ဘူးလေ မှားနေတယ် အခုမွေးတာနွားမွေးတာမဟုတ်ဘူးလေ ဂျီမင်းမွေးတာ "

" ဟင် ဂျီမင်းကလေးမွေးတယ် ဟုတ်လား "

"  ဟုတ်တယ် ဂျီမင်းမွေးတာမိန်းကလေးတဲ့"

"  ဟာ ဝမ်းသာလိုက်တာ "

ထိုစဥ်ရွာထဲကမိန်းကလေးနှစ်ဦးဖြတ်လျှောက်သွားရာ

" ဟေ့ဝတုတ်နဲ့မီးလုံး ဂျီမင်းမွေးပြီတဲ့
သိလားဂျီမင်းမွေးပြီ  ဟဲ့ဟဲ့နေဦး ငါမေ့သွားလို့
ဂျီမင်းမွေးတာ မိန်းကလေးတဲ့ မိန်းကလေး"

ချည်နှောင်ကြိုး Where stories live. Discover now