ချည်နှောင်ကြိုးအပိုင်း (11)
သူဘာလို့ရွာကိုရောက်နေရတာလဲ
ငါ့နောက်ကိုလိုက်လာတာလား
မဖြစ်နိုင်ပါဘူးလေ
အလုပ်ကိစ္စကြောင့်ပဲနေမှာပါ ဒါပေမဲ့
ငါမေ့ထားခဲ့တာလေ အခုတော့ မျက်နှာပြောင်တိုက်ပြီး လာရဲတဲ့ သတ္တိ
ကတော့ ဒေါ်ရိုစီသားလို့မပြောရဘူးဂျီမင်းလဲအတွေးပေါင်းစုံနဲ့ အိမ်ကိုပြန်ရောက်လာခဲ့သည် နေ့လည် လောက်ကျတော့ ထယ်ယောင်းရောက်ချလာသည်
" အဂျီရေ ဘာလုပ်နေလဲ "
" ဘာမှမလုပ်ပါဘူးထယ်ရယ် "
" မနက်ကရေသွားသယ်တယ်ဆို ငါ့ကို
နန်ဂျွန်းပြောပြတယ် "" တစ်ခေါက်တည်းပါ "
"အေးပါ အခုငါမင်းကိုလာခေါ်တာ "
" ဘယ်သွားဖို့လဲ "
" အလှူအိမ်ကိုလေ ကြိးမေကလဲပြောတယ် မင်းတစ်ယောက်ထဲပျင်းနေမှာ ခေါ်ခဲ့လိုက်တဲ့ "
" အင်းကောင်းတာပဲ ငါလိုက်မယ် "
ဒီလိုနဲ့အလှူအိမ်ကိုရောက်တော့ဝိုင်းလုပ်
ဝိုင်းကိုင်ကြကာ" သားလေ ဒီမှာကြက်သွန်လာခွာ "
" ဟုတ် ကြိးမေ "
ထယ်နဲ့နန်ဂျွန်းတို့ကတော့ ထင်းခွဲ ရေသယ်နဲ့ဝိုင်းလုပ်နေကြတော့သည် ဝိုင်းလုပ်ပိးတော့ ဂျီမင်းနဲ့ မိန်းကလေး လေးငါးယောက် ကြက်သွန်ခွာတဲ့နားကိုရောက်လာကာ လက်ဖက်ရေနွေးချမ်းလေးလာထိုင်သောက်နေကြသည်
" ဟဲ့ ဂျီမင်း နင်ကကြက်သွန်ခွာတာမျက်ရည်ကျတယ်ဆိုတော့ ယောက်ခမနဲ့သာနေရင် နင် ယောက်ခမကိုကြောက်ရမှာသေချာတယ် "
ဂျီမင်းလဲ မိန်းကလေးသူငယ်ချင်းစကားကြောင့် ဒေါ်ရိုစီမျက်နှာကိုချက်ချင်းပြေးမြင်မိသည် သေချာတာပေါ့ အရမ်းကိုကြောက်ရမှာ
" ဟိတ် နင်တို့ပေါက်ကရတွေလျှောက်
ပြောမနေနဲ့ အဂျီလဲမခွာနဲ့ပါတော့လား မျက်ရည်တွေကျနေပြီ "" ဘာမှမဖြစ်ပါဘူး ထယ်ကလဲ ငါတို့က ကိုယ်တိုင်မလှူနိုင်သေးတော့ တတ်နိုင်သလောက်လုပ်အားလေးနဲ့ကူပြိးကုသိုလ်ယူရတာပေါ့ "
YOU ARE READING
ချည်နှောင်ကြိုး
Fanfictionငါဆိုတဲ့ကောင်က စော်ကားခံရလို့ ရလာတဲ့ ကိုယ်ဝန်ကြောင့်ဘယ်သူ့ဆီကမှ အောက်ကျခံမဲ့ကောင်မဟုတ်ဘူး