အပိုင်း(6)

1.6K 135 10
                                    

ချည်နှောင်ကြိုး အပိုင်း(6)

" မဖြစ်တော့ဘူး ဒင်းကို ကိုသာဒင်သား
မောင်ကျောက်စိမ်းနဲ့ အမြန်လက်ထပ်ပေးမှဖြစ်တော့မယ်"

" သမီးမယူနိုင်ဘူးနော်မာမီ သမီး ကိုအောင်ထူးကိုပဲချစ်တယ် သမီးကိုအောင်ထူးကိုပဲလက်ထပ်မှာ "

" ခေါင်းမမာစမ်းပါနဲ့အေ ငါကပြောပြီးရင်မဖြစ်ဖြစ်အောင်လုပ်တတ်တယ်နော် အဲဒီတော့ ညည်းပြောတဲ့ထူးအောင်ရဲ့ဘဝပျက်စေချင်ရင် ညည်းလုပ်လိုက်ပေါ့ "

မမကြီးနဲ့မေမေကြီးတို့သည် အပြန်အလှန်ဖြစ်နေရင်းမှ မေမေကြီး စကားကြောင့် ငြိမ်ကျသွားတဲ့မမကြိး
ခနကြာတော့မမကြိးသည် ငိုရင်းနဲ့ပင် အပေါ်ပြေးတက်သွားတော့သည်

" ကိုကျော်စွာ ရှင့်သမိးကို လွတ်ထားပေးလို့မဖြစ်တော့ဘူး မောင်ကျောက်စိမ်းနဲ့ အမြန်လက်ဆက်ပေးမှ ဖြစ်တော့မယ် "

" အရမ်းလဲမလုပ်ပါနဲ့မိန်းမရယ် "

" တော်တော့ ရိုစီလုပ်မဲ့အရာတစ်ခုကို ဘယ်သူမှ
လာဖျက်တာမကြိုက်ဘူးနော် "

ဒီမိန်းမကို ချစ်လို့ အလိုလိုက်ထားမိသမျှ
ကိုကျော်စွာ တစ်ယောက်တော်တော်နောင်တရမိသည် တခြားကိစတွေမှာ
ဝင်မပါခဲ့ပေမဲ့ သားသမိးကိစမှာတော့ အတင်းအဓမ္မ မလုပ်စေချင်ပါ ဒါပေမဲ့ ပြောလို့ရမှာမဟုတ်ဘူးဆိုတာလဲ သိပါသည်

ဂျီမင်းတစ်ယောက်လဲ အိမ်မှာပြသနာတွေတက်တော့ သူ့မှာနေစရာတောင်မရှိတော့
မမကြိးလဲ အရမ်းဝမ်းနည်းပြိးငိုနေပြီ
ကျနော်ဘယ်လိုနှစ်သ်ိပ့်ပေးရမလဲ နှစ်သိပ့်ပေးဖို့လဲ မဝံ့မရဲနဲ့သာ

........,..................................

လသာသောညတစ်ညမှာ ကောင်းကင်ကြိးကိုမော့ကြိးပြီး ဝမ်းနည်းစွာနဲ့ တိတ်တဆိတ်လေး ငိုကြွေးနေတဲ့မမကြိး

" မမကြိး မအိပ်သေးဘူးလား ညတစ်နာရီတောင်ထိုးတော့မယ် "

"အိပ်လို့ဘယ်ပျော်ပါ့မလဲ
ဂျီလုံးလေးရယ်မမကြိးလေ တကယ်လူ့လောကကြိးမှာတောင်မနေချင်တော့ဘူး "

" အဲ့လိုတော့ မလုပ်ပါနဲ့မမကြိးရယ် "

" ဂျီလုံးလေးသိလား မမကလေ အချစ်ကို
တစ်ယောက်ထဲနဲ့ပဲစပြိးတစ်ယောက်ထဲနဲ့ပဲ
ဆုံးချင်တာ "

ချည်နှောင်ကြိုး Where stories live. Discover now