အပိုင်း(5)

1.7K 145 7
                                    

ချည်နှောင်ကြိုးအပိုင်း (5)

ဂျီမင်းတစ်ယောက် မေမေကြိးနဲ့အကိုလေးပြောလိုက်တဲ့စကားတွေပြန်ကြားယောင်ပြိး
အတွေးတွေများနေခဲ့သည်

အကိုလေးက
လူမဆန်လိုက်တာ မေမေကြိးကလဲလူကြိး
ဖြစ်ပြိး သားသမိးချင်း ကိုယ်ချင်းလဲမစာဘူး
ကြာတော့ ပိုက်ဆံရှိတဲ့လူတွေဟာ အရမ်းမောက်မာ ရိုင်းစိုင်း လွန်းကြသည်လို့ဂျီမင်းတွေးမိသည် ဒါပေမဲ့ အဲ့အထဲမှာတော့
ကိုကိုကြိးနဲ့ မမကြိးတော့လုံးဝမပါ ပါ

တွေးရင်းနဲ့ ခြံထဲဆင်းလာလိုက်ပြိး
လုပ်လက်စအလုပ်တွေလာပြန်လုပ်နေလိုက်သည်
တအောင့်ကြာတော့ မိန်းကလေး
နှစ်ယောက်ပွစိပွစိနဲ့ပြန်ထွက်လာကြသည်

" ငါမထင်ထားဘူး အရှက်ကွဲမယ်ဆိုတာ "

" အေး ဟုတ်တယ် အခုလို စိတ်ဓတ်တွေသိရတော့ မြန်မြန် အဆက်ဖြတ်လိုက်ပေါ့ "

" ငါ သူ့ကို သ်ိပ်ချစ်တာ ဘယ်လိုဖြတ်နိုင်မှာလဲ "

" နင်ကသာဖြတ်မနိုင်တာ ဟိုကနင့်ကို ပြောလိုက်တယ် ရွံ့တယ် ဘယ်တော့မှ လာမပတ်သက်နဲ့တဲ့ နင်မနာဘူးလား "

" ငါမှားသွားပြီ ရမလားဆိုပြိး အရဲစွန့်ပြိး လုပ်ကြည့်ကာမှ တစ်သက်လုံးဝေးရပြီ "

" တော်စမ်းပါ ကို့ကိုအရေးမလုပ်တဲ့လူကိုများ တမ်းတမက်မောနေသေးတယ် အဆက်သွယ်ဖြတ်လိုက်တော့ ဘာဘိုက်မှ ကြိးတာလဲမဟုတ်ပဲနဲ့ နင့်ရုပ်နင့်ရည်နဲ့ဆို နောက်ထပ် အယောက်တစ်ရာလောက်ရှာလို့ရသေးတယ်"

ထိုမိန်းကလေးနှစ်ယောက်
လမ်းလျှောက်ထွက်သွားရင်းပြောနေတဲ့စကားတွေ ဂျီမင်းတစ်ယောက်အကုန်ကြားလိုက်ရသည်

ဒါကဘယ်လိုကြိးလဲ ဒါဆို သက်သက်အက်ိုလေးကိုလိုချင်လို့ လာလိမ်ကြတာပေါ့
ဟာ ...ဒီလိုမိန်းကလေးတွေလဲရှိတာပဲလား
တော်သေးတယ် မေမေကြိးနဲ့အကိုလေးအပေါ် အထင်တွေလွဲမိတော့မလို့

ပြန်ထွက်သွားကြပီဖြစ်တဲ့ နှစ်ယောက်ကို
ကြည့်ရင်း ဘယ်လို သတ္တိမျိုးလဲ အရှက်ကွဲခံပြိးလာပြောရလဲ ဆိုပြိးတွေးကြည့်နေမိသည်

ချည်နှောင်ကြိုး Where stories live. Discover now