အပိုင်း(17)

1.6K 110 4
                                    

ချည်နှောင်ကြိုး(17)

...စမ်းချောင်းနားမှာ ပြန်ဖို့ပြောပြိးကတည်းက
တစ်အိမ်ထဲအတူနေတဲ့
ဂျီမင်းသည် ကျနော်ကိုရှောင်နေခဲ့သည်
အိပ်တော့လဲ ဆောင်တွင်းကာလမှာ ပူလို့တဲ့အကြောင်းပြပိး အိမ်ရှေ့မှာ ထွက်အိပ်လေသည်
ကျနော်လဲ ဘယ်ကဘယ်လိုပြန်ချော့ရင်
ကောင်းမလဲစဥ်းစားမတတ်တော့ဘူး
ကျနော်စကားပြောမယ်ဆိုလဲ
ရှောင်ရှောင်ထွက်သွားတော့ ပိုစိုးသည်...

...ဒီမနက်တော့ ဒယ်ဒီတို့ပိုက်ဆံပို့လာလို့
ရွာရဲ့စျေးတန်းလေးမှာ ကျနော်အစောကြိးရောက်နေခဲ့သည်...

" ဟော ဂျောင်ကု တစ်ယောက်ထဲလား ဂျီမင်းမပါဘူးလား "

" ဟုတ်တယ်  သူမနိုးသေးလို့ ကျနော်တစ်ယောက်ပဲထွက်လာတာ "

" အဆင်ပြေတယ်မလား "

" ဟုတ်ကဲ့ ပြေပါတယ် ခများတို့ကော အဆင်ပြေတယ် မလား "

" အင်း ပြေပါတယ် ဒါနဲ့ ဂျောင်ကုက ဒီမှာပဲ အခြေချတော့မလို့လား "

" အဲ့လိုတော့လဲမဟုတ်သေးဘူး ဂျီမင်းကို ကျနော်မြို့ခေါ်သွားပြိး ကောင်းကောင်းမွန်မွန်နဲ့ ပြည့်ပြည့်စုံစုံလေးထားချင်တာပါ ဒါပေမဲ့သူကမသွားချင်ဘူးဆိုလို့ကျွန်တော်လည်း ဒီမှာပဲဆက်နေနေတာ "

" ဪ ဒါကြောင့်ကိုး "

" ကျွန်တော် ဝယ်စရာလေးရှိလို့သွားလိုက်ဦးမယ်နော် "

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ "

...ဒီလိုနဲ့ဂျောင်ကုတစ်ယောက် ဂျီမင်းနဲ့သမိးလေးအတွက်ဆိုပြိး မျက်စိထဲ သဘောကျရာလေးတွေ လိုက်ဝယ်နေတော့သည်...

..............

..အင့်...ခစ်...ခစ်..ခစ် ...

...ဂျီမင်းပါးလေးကို လက်ညိုးသေးသေးလေးနဲ့ထိုးကြည့်ပြိး တခစ်ခစ်ရီနေတဲ့
သမိးငယ်အသံကြောင့် ဂျီမင်းန်ိုးလာခဲ့တော့သည်...

" ဟင် သမိးလေး ဘယ်လိုလုပ်ဖေကြိးနားရောက်နေတာလဲ "

..အဝူး... အဝါး...ခစ်..ခစ်...

" ဘာတေ ပြောတာလဲ သမိးလေးရဲ့ "

..ကလေးကိုကောက်ချီပြိးအခန်းထဲချောင်းကြည့်တော့ ဂျောင်ကုကိုမတွေ့အိမ်နှောက်ဖေးကိုကြည့်တော့လဲ ကြိးမေတစ်ယောက်ထဲ ချက်ပြုတ်နေသည် ဘယ်သွားတာလဲ သူဘယ်ကိုသွားတာလဲ ဘာလို့ ဘာမှမပြောသွားတာလဲ...

ချည်နှောင်ကြိုး Where stories live. Discover now