အပိုင်း(14)

1.6K 122 4
                                    

ချည်နှောင်ကြိုးအပိုင်း(14)

...အူဝဲ...အူဝဲ...

ကလေးငိုသံကြောင့် ဂျီမင်းနိုးလာခဲ့သည်
ဒါပေမဲ့ ချက်ချင်းထဖို့လုပ်လိုက်တော့ 
ရင်ခွင်ထဲမှာ ဂျောင်ကုရှိနေမှန်းသတိရသွားသည်
ဂျီမင်းလဲဂျောင်ကုကို ခေါင်းအုံးပေါ်အိပ်စေလိုက်ပြိး ဆောင်သေချာခြုံပေးလိုက်သည်ပြိးတော့မှ ပုခက်ဆီက သမိးလေးဆီသွားတော့ မျက်လုံးလေးနှစ်လုံးပွင့်ကာပြူးကြည့်နေတဲ့သမိး

" ဖေကြိးသမိးက ငိုနေတာမဟုတ်လား
ဒါမှမဟုတ် ဖေကြိးကို အသံပေးတာလား
ဟာ ရှူးရှူးတွေလဲစိုရွှဲနေပါလား အေးကအေးတာနဲ့ ဖေကြိိးသမိးလေးနေမကောင်းဖြစ်တော့မှာပဲ "

ကလေးချီလိုက်ရင်း သေချာသန့်ရှင်းပေးကာပေါင်ဒါလေးတွေလိမ်းပြိး ကလေးကို
တဝကြိး နမ်းပစ်လိုက်သည်

" ဖေကြိးတောင်းပန်ပါတယ် သမိးလေးကိုပစ်ထားသလိုဖြစ်သွားတယ် အဲ့ဒါဟိုလူကြောင့် "

" ငါ့ကြောင့်လား ဂျီမင်း "

" အောင်မယ်လေး လန့်လိုက်တာ  ဘာလို့ထလာတာလဲ "

" မင်းနဲ့သမိးလေးစကားပြောနေတာကြားလို့လေ "

" မင်း နေကောင်းတာလဲမဟုတ်ပဲနဲ့ ပြန်အိပ်လိုက် "

" ငါ့နားကို သမိးလေးခေါ်လာပေးပါလား."

" အင်း ခေါ်လာမယ် ပြန်အိပ် "

ဂျီမင်းလဲထသွားပြိး သမိးလေးကို သူ့နားချပေးလိုက်သည်

" သမိးလေးရယ် ဒယ်ဒီ သမိးလေးရေ
ကြည့်ပါဥိး သမိးလေးက ဒယ်ဒီ နဲ့တစ်ရုပ်ထဲကွာ ချစ်ဖို့အရမ်းကောင်းတာပဲ "

ကလေးကိုမြူနေပြီးပါးလေးကိုနမ်းလိုက်တော့ ဂျီရင်ထဲမှာ လိုင်းကလေးထသွားရသည် ဒါကဘာကြောင့်ဖြစ်ပေါ်လာတဲ့ခံစားချက်လဲဆိုတာတော့ ဂျီမင်းတွေးလို့မတတ်ပါ

" မင်း သမိးလေးကို ကြည့်ထားပေး ငါမင်းအတွက်ဆန်ပြုတ်ပေးမယ် "

" ဟင်အင်း မလုပ်နဲ့ ငါ့နားမှာမင်းနဲ့သမိးလေးသာရှိနေရင် ငါအဆင်ပြေပါတယ်  "

" အပိုတွေ မပြောနေနဲ့ နေမကောင်းလို့မင်းကို ငါအလျှော့ပေးထားတာ "

ချည်နှောင်ကြိုး Where stories live. Discover now