Fri(end) EP 5

401 42 3
                                    

Fri(end) EP 5

အေးစက်သွားသော ခင်မင်ခြင်းတွေက တစ်ခနအတွင်း ပြိုကွဲသွားသလို ချစ်ရသူအတွက် လွန်ကျူးမိသွားသော အမှားက နောင်တ ရစရာဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ကျတော်ကတော့ နောင်တမရခဲ့ဖူး ထင်တယ် ကျတော် ချစ်ရသူအတွက် ကျတော်ကျူလွန်မိတာ အချစ်ရဲ့နောက်ဆက်တွဲမှာ သွေးသားကတောင်းဆိုတတ်တာမို့ ကျတော် နောင်တမရပေမယ့် အေးစက်သွားသော ဆက်ဆံရေးမှာ ကျတော် ဝမ်းနည်းနေမိတယ်

ဂျွန်းဂျောင်းကု ကျွန်တော်ကို ရှောင်နေတာ ဒီနေ့ဆိုရက်သတ္တာပတ် တစ်ပတ် ပြည့်သွားခဲ့ပြီး ဘယ်နား‌သွားသွား မတွေ့သူကြောင့် ဂျောင်းကု အလုပ်ရှိရာ ဆီလိုက်လာခဲ့မိသည်။ကျတော် ဂျောင်းကုဆီက လစ်လျူရှုမူ့နဲ့ စိမ်းကားမူ့ကို လက်မခံနိုင်စွာ ရှေ့ကို ဘာမှမစဉ်းစားပဲ တိုးဝင်လာခဲ့မိတာ ကျတော်အမှားလား ကျတော်သူ့ကို အရမ်းချစ်ခဲ့ရုံလေးပါ

ဒါက် ဒေါက်

စားပွဲကို လာခေါက်သူကြောင့် စာရင်းတွေငုံလုပ်နေရင်း မော့ကြည့်လိုက်တော့ ဌာနမူး မျက်နာကြောင့် လျှင်မြန်စွာ ထရပ်လိုက်မိသည်

🐰""ဟုတ်"'

""မင်း ဧည့်သည် ရောက်နေတယ် ဧည့်ခန်းမှာ""

ဧည့်သည် ဆိုတော့ ဂျောင်းကု စဉ်းစားလိုက်ပြီး သူ့ဆီလာစရာ လူမရှိပါ တွေးရင်း

🐰""ဟုတ်ကဲ့ ကျတော် သွားတွေ့လိုက်ပါ့မယ်""

ဌာနမူး ထွက်သွားပြီး ဂျောင်းကု အလုပ်တွေကို ခနရပ်ပြီး ခုံကနေထထွက်လာခဲ့လိုက်သည်

""ဟေ့ မင်းရည်စားလား ခနကမြင်ခဲ့တယ် ချောချောလေး မိတ်ဆက်ပေးနော်""

အလုပ်ထဲက အမတစ်ယောက်ရဲ့ နောက်ပြောင်မူ့ကြောင့် ဂျောင်းကုရယ်လိုက်ပြီး

🐰""ရည်စား မရှိပါဖူးဗျာ ကျတော်သွားလိုက်ဦးမယ်""

ဂျောင်းကု ပြောရင်း ဧည်ခန်းရှိရာ ထွက်လာခဲ့လိုက်ပြီး တံခါးတွန်းဖွင့်လိုက်ချိန် တွေ့လိုက်ရသော ပန်းရောင်ကျောပြင်ငယ်လေးနဲ့ နားဆွဲလှလှလေးနဲ့အတူ အမြဲတမ်း လှပရှင်းသန့်နေသော ကျတော့ရဲ့ နှလုံးသားငယ်လေးကြောင့် ရှက်ရွှံ့မူ့နဲ့အတူ ခန္ဓာကိုယ်ကိုယ်က နွေးထွေးသွားခဲ့သည်

Fri(end)  ( I Can Fly Tomorrow) Uni+ZgOù les histoires vivent. Découvrez maintenant