Fri(end) 🔚

617 43 6
                                    

Fri(end) 🔚

အဖြူရောင် မျက်နာကျတ်နဲ့အတူ စူးရှသော ဆေးနံတို့ကြောင့် ဆေးရုံရောက်နေတာလား အသိနဲ့အတူ ခြေရင်းဖတ်မှာ ရပ်နေသော စိုးရိမ်ပူပမ်းနေတဲ့ မျက်နာလေးကြောင့် ဂျီမင်း မျက်လွှာတို့ကို မြန်မြန်ပိတ်ချလိုက်သည်

""သား သား သတိရပြီလား""

မေမေရဲ့ အသံတို့ကိုလည် အားရုံမစိုက်ချင်တော့ပါ ဘယ်လို အရှက်ကွဲမူ့လည် တစ်စိမ်းတစ်ယောက်ရဲ့ ပါးစပ်နဲ့ဟိုတယ်ရောက်သွားတဲ့ ကိုယ်အဖြစ်ကို ရှက်လွန်လို့ ပျောက်ကွယ်သွားချင်မိအောင်ထိ နာကျင်နေမိသည်

အဆိုးဆုံးက ဂျောင်းကုအရှေ့မှာ အပြောခံလိုက်ရချင်ကြောင့် ဘယ်လောက်တောင် အထင်သေးသွားမလဲ ဘယ်လောက်တောင် သူ့ကိုရွံနေမလဲ တွေးကြည့်ရင်း စိတ်တွေ အနာကျင်ကြီးနာကာ ပိတ်ထားသော မျက်ဝန်အိမ် ကမျက်ရည်တို့စီးကျလာခဲ့သည်

🐥""မေမေ ဂျောင်းကု ဂျောင်းကုကို ပြန်ခိုင်းလိုက်ပါလား""

မျက်ဝန်တို့ဖွင့်မလာပဲ သတိရရချင်ပြောတဲ့စကားက သူ့ကိုမမြင်ချင်တာတဲ့လား ဂျောင်းကု အသဲတို့ကို ဆုတ်ချေသလိုခံစားရပြီး မည်သူ့ကိုမျှ နူတ်ဆက်မနေပဲ ကျောပိုးအိတ်လေးလွယ်ပြီး ဆေးရုံအခန်းထဲက ထွက်လာခဲ့လိုက်သည်

""သား အဆင်ပြေလား ဘယ်လိုတောင်ဖြစ်ရတာလဲ သားရယ်""

🐥""အီးးဟီးးးးမေ သား သား ရှက်လိုက်တာဗျာ ""

ကလေးတစ်ယောက်လို သူမ ရင်ခွင်ထဲ ဝင်ရောက်ကာ ငိုနေတဲ့သားကို ကျောလေးပွတ်ပြီးနှစ်သိမ့်ပေးလိုက်၏ သူမ သားရဲ့ငိုနေခြင်းကို မဟန့်တာသလို လွတ်လပ်စွာ ငိုခွင့်ပြုလိုက်၏

မအေရှေ့မှာတောင် မရှောင်နိုင်ပဲ ငိုကြွေးနေသော သားဘယ်လောက်တောင်နာကျင်နေရသလို သားဘာတွေဖြစ်ခဲ့တာလဲ ဘာတွေကြုံခဲ့တာလဲ တွေးနေမိခဲ့၏

သားကပုံမှန်ဆို အသဲမာသလို တော်ရုံမငိုတတ်ပဲ သန်မာအောင် ရဲရင့်အောင်သူမလေ့ကျင့်ပေးထားခြင်းကြောင့် သားအခုလိုမျိုး ဝမ်ပမ်းတနည်းငိုနေတာ မမြင်ဖူးခြင်းကြောင့် သားတကယ်ကို အဆင်မပြေဖြစ်နေတာပဲ တွေးလိုက်မိသည်

Fri(end)  ( I Can Fly Tomorrow) Uni+ZgWhere stories live. Discover now