Fri(end) 12

420 36 1
                                    

Fri(end) 12

ဖြာကျနေသော နေရောင်ခြည်တို့ကို ကွယ်ထားသော စိန်ပန်းအနီရောင်တို့နဲ့ ဝေနေသော သစ်ရိပ်အောက်က အုပ်ခုံလေးပေါ် ထိုင်ရင် မနက်ခင်းလေ ဖြူဖြူလေးမှာ Eng taxbook တစ်အုပ်ကို ကိုင်ထားပြီး လက်ချောင် ရှည်ရှည်လေးတွေက စာအုပ်ပေါ် ပြေးလွှား နေခဲ့သည်

🐹""ဟိတ် ဂျွန်းမလာသေးဖူးလား""

ခြေသံနဲ့အတူ ရောက်ရှိလာသော အပြုံးချိုချိုလေတွေနဲ့ အတူ တက္ကသိုလ် အသိုင်းအဝိုင်းတစ်ခုလုံးက သတ်‌မှတ်ထားသော King ဖြစ်သူ Kim Seok Jin ကြောင့် ဂျောင်းကု မက်တပ်ရပ်လိုက်သည်

🐰""ဟုတ် ကျနော်တို့ မဆုံသေးဖူး စီနီယာ""

ဂျင် ဂျောင်းကုဘေးနေရာ ဝင်ထိုင်လိုက်သလို  ဂျောင်းကုလည် ပြန်ထိုင်လိုက်သည် ။ဂျင်း အဝေးမှာ မြင်နေရတဲ့ စုံတွဲတစ်တွဲကို ထိုင်ကြည့်ရင်း ဘေးနားမှာ စာအုပ်ဖတ်နေသူကို လှည့်မကြည့်ပဲ မေးလိုက်သည်

🐹""အချစ် ကို မင်းဘယ်လိုမြင်လည်""

အစမရှိ အဆုံးမရှိ မေးလာသူကြောင့် ဂျောင်းကု ဂျင်း ကြည့်တဲ့နေရာ ကြည့်လိုက်ပြီး ပြုံးလိုက်ကာ ဆက်မကြည့်တော့ပဲ စိန်ပန်းအနီရောင် ပန်းပွင့်တို့ကို မော့ကြည့်လိုက်၏

🐰""အချစ်က ဖြူစင်သန့်ရှင်းပါတယ် သူ့ကိုအရောင်တွေ မဆိုးသေးသ၍ပေါ့ဗျာ ""

🐹""ငါမေးတာ အချစ်က ရယူချင်လား ပိုင်ဆိုင်ချင်လား""

🐰""အကို ရယူချင်းတွေ ပိုင်ဆိုင်ချင်တွေက အတ္တပဲ ကျတော့်အတွက် အချစ်က ရယူချင်လဲမဟုတ်သလို ပိုင်ဆိုင်ချင်လဲမဟုတ်ဖူး ပန်းလေးတွေလို ပင်မြင့်အထက်မှာ လှပနေတဲ့ ပန်းလေတွေလို လှပတင့်တယ်နေရင် ကျတော် ပျော်တယ် သူအောင်မြင်နေရင် ကျတော် ကျေနပ်တယ် ""

ဂျင် သူ့ကိုဆွေးဆွေးလေ ပြန်ပြောနေတဲ့ မျက်နာ ချောချောလေးကို ကြည့်ပြီး ခေါင်တို့ အသာယမ်းလိုက်ကာ ဂျောင်းကုကြည့်နေသော အပင်ပေါ်က ပန်းတို့ကို ကြည့်လိုက်ပြီး

""ပန်း တွေကအချိန်တန်ရင် ခူးယူသူတွေ လက်ထဲမှာ သူ့ကို မြက်နိုးတဲ့လူ လက်ထဲမှာ ပန်းလေးတွေက ညိုနွမ်းသွားကြပေမယ့် မညိုခင်မှာတော့ အပြည့်အဝ ပျော်ခဲ့ရတယ် ပင်မြင့်ထက်က ပန်းတွေကတော့ သူ့ကိုငေးနေတဲ့ မျက်ဝန်တွေရှေ့မှာ အလှဆုံး ပွင့်နေကြပေမယ့် ခူးယူမြက်နိုးသူမရှိချိန် သူတို့ဟာ ပင်မြင့်ပေါ်မှာပဲ မြေခကြွေကျရတယ် ပင်မြင့်ပန်းနဲ့ ရင်ဝယ်ပန်းမှာ ဘယ်သူက ပိုပျော်ရွှင်းရလဲ မင်းသိလား""

Fri(end)  ( I Can Fly Tomorrow) Uni+ZgDonde viven las historias. Descúbrelo ahora