ZG S 2/4

191 4 1
                                    

fFri(end) S 2/4

မနက်လင်း မျက်လုံးတွေတောင် မဖွင့်နိုင်အောင်ထိ ခေါင်က ထိုးကိုက်နေခဲ့သည် ။လေးလံသောခေါင်က ကျောက်တုံတွေနဲ့ ထုရိုက်ထားသလို နာကျင်နေပြီး လက်မောင်တစ်ဖတ်က အလေအပင်တစ်ခု မထားရသလို ကြိမ်းစပ်နေပြီး တစ်ခုခုရှိသလို လှုပ်လို့မရဖြစ်နေခဲ့ကာ အားနေသော လက်တစ်ဖတ်နဲ့ နာထင်တို့ကို ထောက်နိုတ်လိုက်ပြီး မျက်ဝန်တို့ဖွင့်လိုက်စဉ် လက်မောင်ပေါ်က အိပ်ပျော်နေဆဲ မောင့်ဂျီမင်း ကြောင့် လန့်သွားခဲ့ကာ ညက ဘာတွေဖြစ်ခဲ့လည် သူကိုယ်သူငုံကြည့်တော့ အဝတ်တွေ အပြည့်အစုံ ရှိနေခြင်းကြောင့် သက်ပြင်းတို့ ချမိလိုက်သည်

ညက စိတ်ညစ်လို့ အရက်ဘားသွားခဲ့ပြီး မူးပြီပြန်လာကာ ဂျီမင်းကို သူကိုယ်တိုင် ခေါ်ခဲ့တာပဲ ထို့နောက် အနမ်တွေပေးခဲ့သည် ကျန်တာ သူမမှတ်မိပေမယ့် သူ့အနမ်းတွေကို ဂျီမင်းမဖယ်ရှာခဲ့တာသေချာသည်။ အတွေးနဲ့အတူ ပြုံးသွားခဲ့ကာ ခါးမှာ ဖတ်ထားသော လက်သေးသေးလေးကို ဆွဲယူပြီး သူ့ရင်ခွင်ထဲ ဖတ်ကာ အိပ်ပျော်နေဆဲ ဂျီမင်းရဲ့ပါးဖောင်ဖောင်လေးနဲ့ မျက်နာအနှံ နမ်းပစ်လိုက်သည်

တင်းကျပ်စွာ ပွေ့ဖတ်ခံထားရသလို အသက်ရှုမဝသလို ခံစားရပြီး ခံတွင်းထဲ တစ်ခုခု ဝင်နေသော အသိနဲ့ ဂျီမင်းအိပ်ချင်မူတူနဲ့ နိုးလာပြီး ကိုက်ချလိုက်သည်

""အားးးးသေတော့မှာပဲ တကယ်ကိုက်ရလား မောင့်ဂျီမင်းက ဆိုးလိုက်တာ""

အော်သံကြောင့် ဂျီမင်း မျက်ဝန်တို့ ပွင့်သွားပြီး သွေးထွက်နေသော နူတ်ခမ်းပါးကြောင့် သူအသက်ရှုမဝတာ ဘာလဲသိသွားကာ ချက်ချင်ထထိုင်ပြီး ခေါင်အုန်းနဲ့ရိုက်ပစ်လိုက်သည်

ဘုန်းးးး
ဘုန်းးးးးးး

""ည ကလည် အခွင့်အရေးယူတယ် မနက်ကျလည် အိပ်နေတဲ့သူကို အခွင့်အရေးယူတယ် ဟမ်းးးဂျွန်းဂျောင်းကု ဘာဖြစ်ချင်နေတာလဲ""

""ဂျီမင်း ယောက်ကျား ""

""ဆုတောင်း ဆုတောင်းနော် ဟွန်းးးးး""

""ဟာ!!!! အဆိုညက မောင်တို့ ဟိုဒင်ဟိုဟာ ဖြစ်သွားလားဟင်""

ရုတ်တရက် ထမေးသူကြောင့် သူပြောတဲ့ ဟိုဒင် ဟိုဟာ ကိုစဉ်းစားမိပြီး ဂျီမင်း မနက်စောစောမှာ မျက်နာတို့ ထူပူလာပြီး နားရွက်ဖျားတွေ နီးလာကာ လက်ထဲမှာ ကိုင်ထားဆဲ ခေါင်အုန်းနဲ့ ပစ်ပေါက်လိုက်သည်

Fri(end)  ( I Can Fly Tomorrow) Uni+ZgWhere stories live. Discover now