Fri Zg

113 3 0
                                    

Fri(end) EP 7

ကျောပိုးလွယ်အိတ်လေတစ်ခု ကို ဘေးတစ်ဖတ်တည်းလွယ်ပြီး အဓိပတိလမ်းမပေါ် လျှောက်လှမ်းနေဆဲ ခြေလှမ်းတို့က မဟာပထဝီ မြေကြီးနဲ့ ထိလားမထိလား မသိအောင် အာရုံတွေ လွှင့်ပျံနေခဲ့သည်

မနက်က အနက်ရောင်တီရှပ်လေးကို အဖြူရောင်ရှော့ပန်လေးနဲ့ တွဲဝတ်ထားပြီး ခါးမှာလည် လူငယ်စတိုင် သံကြိုးလေးတွေက လှုပ်ရှားလိုက်တိုင် လှုပ်ခက်နေကာ ဆွဲဆောင်မူ့ရှိစွာ လှပနေတဲ့ ဂျီမင်းကို မြင်လိုက်ရကာ စိတ်အာရုံက ဘာကို အလိုမကျမှန်မသိ အလိုမကျ ဖြစ်နေကာ ဂျောင်းကု မျက်နာ တည်တင်းနေခဲ့သည်

""ဟရောင် မြေကြီးလည် ပေါက်ထွက်သွားဦးမယ် ဘာဖြစ်နေတာလဲ""

ဆော့ အနောက်က ပြေးလာရင် ပုခုံးဖတ်ပြီး မေးလိုက်သည် သူ့အနောက်မှာ ဂျွန်းကတော့ လက်နှစ်ဖတ်ကို ဘောင်ဘီအိတ်ကပ်ထဲ ထည့်ကာ အေးအေးဆေးဆေးလျှောက်လှမ်းနေခဲ့သည် ဒါက မပြောင်းလဲသော ကင်နမ်ဂျွန်းရဲ့စတိုင်ထဲက စတိုင်တစ်ခု ဖြစ်သည်

""အင်း ဒီလိုပါပဲ""

""ဘာ တုန်ဟ စကားက လာ မြန်မြန် ဗိုက်ဆာနေပြီး""

""မင်း ကလဲ စားမယ်ဆိုတာကြီးပဲ""

""မင်းလို ရည်စာပူမိနေတာမှ မဟုတ်တာ ""

""မင်းကြီးတော် ရည်စာအပူမိစရာလားကွ""

""အော်အေး မမိလို့တော်သေးတယ် မိများမိရင်လေ""

""တော်ပါတော့ မင်းကလည် ဟိုက မြေကြီးပေါက်ပြီး ငရဲမင်းနဲ့ ဖူစာပါနေပါ့မယ်ကွာ""

ရုပ်တည်ကြီးနဲ့ ဝင်နှောက်သော နမ်းဂျွန်းကြောင့် တစ်ဖွဲ့လုံးရယ်လိုက်မိကြကာ ဟိုဆော့ ရယ်ရင်အော်လာခဲ့သည် ဂျောင်းကုလည် အခုမှ သူအိုဗာဖြစ်မှန် သတိရသွားကာ အရှက်ပြေလိုက်ရယ်မိသွားခဲ့သည်

""ဟရောင် မင်းပြောတာ ပိုးဆိုတယ်ကွဟားးးဟားးးး""

သုံးယောက်သာ မိန်လမ်းမကို မြင်ရသော ထိတ်ဆုံးဝိုင်မှာ ဝင်ထိုင်ကြပြီး မှာစရာရှိတာ မှာလိုက်ကြကာ မိန်း လမ်းမကြီးပေါ်က သွားလာနေသော လူငယ်များကို မျက်စိအစားကျွေးနေကြသည်

Fri(end)  ( I Can Fly Tomorrow) Uni+ZgNơi câu chuyện tồn tại. Hãy khám phá bây giờ