ZG S 2 /2

187 8 1
                                    

Fri(end) S 2/ 2

မနက်ခင်းရောင်ခြည်တို့နဲ့အတူ ဂျီမင်းပျော်ရွှင်းစွာ နိုးထလာခဲ့သည်။အရင်အချိန်တုန်ကလို အထီကျန်ဆန်တဲ့ နေ့ရက်တို့ ကုန်လွန်သွားပြီးမို့ မျက်နာလေးက လန်ဆန်းစွာ အကြောတို့ ဆန့်တန်းလိုက်ပြီး ကုတင်ပေါ်ကနေ ပြတင်တံခါးဆီ ပြေးဆင်လာကြည့်ပေမယ့် လူအရိပ်အယောင်မရှိသလို ကားလည်မရှိတော့တာမို့ အလုပ်သရဲက အလုပ်သွားပြီးလားတွေးကာ ရေချိုးခန်းဝင်ပြီး မထိတွေ့ရတာ ကြာပြီဖြစ်တဲ့ ရေအေးတို့နဲ့ ရေချိုးသန့်စင်ပြီး အိမ်နေရင်ချည်ပွဘောင်ဘီအတိုအိကျီပွပွလေး ဝတ်ပြီးဆင်းလာခဲ့လိုက်သည်

""ဟော့ မေ့သားနိုးပြီးလား""

""ဟုတ်""

ပြောရင် အမေ့ရင်ခွင်ထဲ ကလေးတစ်ယောက်လို ဖတ်ထားလိုက်ပြီ မေမေပါးပြင်တို့မွှေးကြူနေခဲ့သည်

""ဟွန်းးပစ်ထားတုန်းက ပစ်ထားပြီး အခုမှ""

""မေမေကလည် အခုပြန်လာပြီပဲကိုနော် ဟိဟိ""

အမေ့ရင်ခွင်ထဲ ခေါင်လုံးလုံးလေးကို တိုးဝှေ့ပြီး သွားတန်းဖြူဖြူလေတွေပေါ်အောင် ရယ်ပြလိုက်၏

""သွားပါ မသိတာကြနေတာပဲ ယောက်ကျားရချင်လို့ ပြန်လာတာမဟုတ်ဖူးလား ""

""ဟာ မေကလည် သားပြန်လာတာမပျော်ဖူးလား ပြန်သွားလိုက်ရမလားပြော""

""အမလေး ပြန်တော့မသွားပါနဲ့ ယူမယ်ဆိုယူပါနော် ""

""ဟိဟိ မေ ကချစ်ဖို့ကောင်းတယ် သားဗိုက်ဆာပြီ မေ့လက်ရာ မစားရတာ ကြာပြီး""

""အဆင်သင့်ပါပဲရှင် လာပါ""

ဂျီမင်း မစားရတာကြာပြီးဖြစ်တဲ့ အိမ်ထမင်ဟင်းကို ဗိုက်တွေဖောင်းကာအောင် စားပစ်လိုက်ကာ အိမ်ဆိုတဲ့ နွထွေးမူ့နဲ့ မိသားစုရဲ့ ရင်ခွင်ကြာ နေထိုင်ရတာ ပျော်ရွှင်းနေပြီ ထမင်းစားပြီးတာတောင် မေမေနဲ့ သူ့ဖြတ်သန်းခဲ့ရပုံတွေ သူ့ကျောင်းအကြောင်း အလုပ်အကြောင်းတွေ ရေပတ်မဝင်အောင် ပြောပြနေခဲ့သည်

သူပြောသမျှ မေမေက ပြုံးပြုံးလေး နာထောင်နေခဲ့ကာ ခေါင်တွေညိမ့်ပြီး ပြုံးရယ်နေခဲ့ရင်း စကားအဆက်တို့က ဂျောင်းကုဆီရောက်သွားခဲ့သည်

Fri(end)  ( I Can Fly Tomorrow) Uni+ZgWhere stories live. Discover now