Fri(end) 10

369 36 8
                                    

Fri(end) 10

စစ်အေး ကာလ ခေါ်မလား အင်း ငြိမ်းချမ်းခြင်း ကာလခေါ်မလား ကလေးငယ်တွေလို ရန်ဖြစ်တာ စကားနိုင်လုတာတွေ ရှောင်ရှားနေတာတွေ မရှိတော့ပေမယ် ကျတော်ရော ဂျီမင်းရော စကားမပြောဖြစ်ကြတော့ပါ

ဘယ်လောက်ထိ ဆိုးလဲဆို လေးယောက်အတူထိုင်နေကြကာ ဆော့နဲ့ဂျွန်းကိုပဲ စကားပြောပြီ ကျတော်ကို မရှိတဲ့သူလို လုပ်ထားတော့ ခံရတာတော့ တကယ်ခက်ပါသည်

ကျတော်စကားတွေကို အရေးမစိုက်သလို ကျတော့်ရဲ့ တည်ရှိမူ့ကို ဂရုမထားသလို လုပ်ကာ ကျတော့ကို မျက်ဝန်ချင်းတောင်ဆုံအောင်မကြည့်တော့ တကယ့်ကို နေရခက်လှပါသည်

ဆော့နဲ့ဂျွန်းကတော့ ဒီအခြေအနေမှာ ဘယ်ဖတ်ကမှ ဝင်ပါပြီ မရှုပ်သလို ကျနော်တို့ကြားထဲမှာ Balance ညီအောင် ထိန်ငြိရင်းနေထိုင်ကြသည်

ဂျွန်းနဲ့ ကျတော် နှစ်ယောက်ထဲ ရှိချိန်ကျရင် ဂျွန်းက သတိပေးတာလိုလို အသိပေးတာလိုလိုနဲ့ ပြောဆိုတတ်သည်

🐨""ပတ်ဝန်ကျင် ဆိုတာ ကောင်းတာလုပ်လုပ် မကောင်းတာလုပ်လုပ် ပြောချင်သူက ကြံဖန်ပြီးပြောတတ်ကြတယ် ပတ်ဝန်ကျင်ရဲ့ အတင်းအဖျင်းတွေကို ကြောက်ပြီ ကိုယ့်ဘဝ ကိုယ့်နှလုံးသားတစ်ခုလုံး စတေးရတာ တန်လို့လား ငါကတော့ မတန်ဖူးထင်တယ် လူ့ဘဝက တိုတိုလေ""

ကျတော်ကတော့ ဘာမှ မချေဖျတ်နိုင်ပဲ နာထောင်သူ သပ်သပ်တစ်ယောက်သာ ဖြစ်နေခဲ့ပြီး ခွဲခြမ်းစိတ်ဖျားနေမိကာ တေမိဇာတ်ကို ကနေမိတုန်းပဲ

ဒီနေ့လည် ကန်တင်းထဲမှာ မထင်မှတ်ပဲ လေယောက်ဆုံမိကြပြန်ကာ ထုံးစမ်းအတိုင်း ကျတော်ကမရှိတဲ့သူ နာထောင်ရုံ သပ်သပ်တစ်ယောက်သာ တည်ရှိနေခဲ့သည်

မျက်ဝန်တွေ မှေးကျအောင်ထိ ရယ်နေသူက တောက်ပလင်းလတ်နေဆဲ ကျတော်ကို ဂရုမစိုက်တာကလွဲပြီး သူဘာသာ ပြောစရာရှိတာပြောပြီ လုပ်စရာရှိတာ လုပ်သည် ကျတော်က သူ့အတွက် ဘောင်မဝင်တော့ ဝမ်းနည်းရသူက ကျတော်ဖြစ်နေခဲ့သည်

အဓိပတိ လမ်းလေးအတိုင်း မောင်းဝင်လာသော နောက်ဆုံးပေါ် sport ကားအနက်ရောင်လေကြောင့် လူတွေအားလုံးရဲ့အကြည့်က ပြိုင်ကားအနက်ဆီ အားရုံရောက်နေခဲ့ကြသလို ကျတော်တို့ဝိုင်းလည် ကြည့်နေမိခဲ့ကြ၏

Fri(end)  ( I Can Fly Tomorrow) Uni+ZgWhere stories live. Discover now