S 2/5

377 40 11
                                    

Fri(end) S 2/5

ပြာလဲ့လဲ့ ညမီးရောင်အောက်မှာ အိပ်မောကျနေတဲ့ မျက်နာလေးကို ငေးကြည့်ရင်း နဖူးပေါ်ကျရောက်နေတဲ့ ဆံနွယ်တို့ကို နုညံစွာ ဖယ်ရှာလိုက်၏

နဖူး ကျယ်ကျယ်လေးအောက်က မျက်တောင်တို စိတ်စိတ်လေတွေက လှပစွာ ဝပ်ဆင်နေပြီး သူ့လက်မောင်ပေါ် ခေါင်အုန်အိပ်နေတာကြောင့်   သန္တာရောင် နူတ်ခမ်းလုံးလုံးလေးက ဆူထွက်နေခဲ့ကာ လက်သေးသေးလေးက သူထွက်ပြေးမှာ ကြောက်သလို သူ့ခါးက အိကျီစလေးကို တင်းကျပ်စွာ ဆုတ်ကိုင်ပြီ အိပ်ပျော်နေခဲ့သည်

မနက်မိုးလင်ရင် လက်လွှတ်ရတော့မယ် ချစ်ရသူကြောင့် ရင်တွေနာကျင်လွန်စွာ ခံရခက်နေမိသည် အသဲတွေလည် တစ်စစီကွဲသလို သူများနဲ့ညားမယ့် ကိုယ်ရည်စာ အဖြစ်က ရယ်စရာလည်ကောင်းသလို နာကျင်စရာလည်ကောင်းပါသည်။သူ့လက်နဲ့ သူများဆီ ထည့်ပေးရအောင်ထိ သူ သူတော်စင်လည်မဟုတ်သလို သူတော်ကောင်းလဲ မဟုတ်ပါ

ဂျောင်းကု အိပ်နေသူရဲ့နဖူးလေးနဲ့ ပါးလေးကို ညင်သာစွာ နမ်းလိုက်ပြီး အရင် သူ့လက်မောင်ကနေ ခေါင်အုန်းပေါ် သာသာလေး ပြောင်းတင်လိုက်ပြီး ခါးမှာဖတ်ထားသော လက်တစ်ဖတ်ကို ဆုတ်ထားသော လက်ကို ဖြေးဖြေး ခြင်း ဖြည်ပြီ လက်ကို ဂရုနစိုက် အိပ်ယာပေါ်တင်လိုက်ပြီး ခန္ဓာကိုယ်ကို အသာကြွလိုက်တော့ ညီးသံနဲ့အတူ  သူ့ကို စမ်းနေသော လက်ကြောင့် မြန်မြန်ပြန်လှဲ လိုက်ရသည်

အွန်းးးးးးးး

ပြန်ရောက်လာသော လက်သေးသေးလေးကို ဆုတ်ကိုင်ပြီး နာကျင်ရတဲ့ကြားက ရယ်မော မိကာ လက်လေးကို အနမ်းပေးရင် ဘေးနားချလိုက်၍ မြန်မြန် ထလိုက်သည်

ဝုန်းးးး

ကုတင်ပေါ်က ဆင်းလိုက်ပေးမယ့် သူ့အပေါ်ခန္ဓာကိုယ်နဲ့ ခြေထောက်တစ်ဖတ်သာ ကျလာပြီး ကုတင်ဘေး ဝရုန်းသုန်ကာ လှဲပြိုသွားခဲ့၏

ကုတင်ပေါ် တင်နေတဲ့ ခြေတစ်ဖတ်ကို ကြည့်လိုက်စဉ် ကြံကြံဖန်ဖန်လုပ်တတ်တဲ့ အိပ်နေသူကို ကြည့်ရင် ဒုတိယအကြိမ် ပြုံးရယ်လိုက်မိသည်

ရွှေဉာဏ်တော် စူးရောက်စွာ ခြေထောက်တစ်ဖတ်ကိုလည် သူ့ခြေထောက်နဲ့ တွဲပြီး ကြိုးချည်ထားခဲ့ခြင်းကြောင့် စိတ်ချ လက်ချအိပ်နေတာ ဖြစ်မည် ခြေထောက်ကြိုး ဘယ်အချိန်က ချည်လိုက်မှန်တကယ်သူမသိလိုက်ပါ

Fri(end)  ( I Can Fly Tomorrow) Uni+ZgWhere stories live. Discover now