ZG 6

187 6 4
                                    

Fri(end) EP 6

တတ်ကြွသော ခြေလှမ်းတို့နဲ့အတူ ပျော်ရွှင်းနေသော လူငယ်လေးများ ဥတုဟိုသွားလာကာ ပျာပန်းခပ်သမျှလှုပ်ရှားနေကာ ရောင်စုံပန်းဥယာဉ်ကြီးအလား အသံများ ဆူညံပြီး ပျားပိတုန်လေတွေရဲ့ ကျီစာသံများ ခိုးခိုးခစ်ခစ်ရယ်သံများ တက္ကသိုလ်ဝန်ကျင်တွင် ပြန့်လွှင့်နေခဲ့သည်

First Day မို့ လူတိုင်းစိတ်လှုပ်ရှားကာ တက္ကသိုလ်ရောက်ပြီးအသိက လူတိုင်းကိုပျော်ရွှင်းလန်းဆန်နေခဲ့သည်

ထိုအထဲမှာ မပျော်နိုင်သူတစ်ဦးက ဂျွန်းဂျောင်းကု တစ်ယောက်ထဲသာ ဖြစ်ပါလိမ့်မည် အဓိပတိ လမ်းမကြီးကို မြင်နေရသော ထိုင်ခုံတန်းလေးမှာ ထိုင်ရင်း ငယ်စဉ်မူလတန်း တတ်ကတည်းက အထက်တန်းအထိ မခွဲမခွာ တတ်လာသော သူငယ်ချင်းဖြစ်သူ ပတ်ဂျီမင်းကို သတိတွေရနေမိကာ နှလုံးသားတစ်နေရာမှာ တဆစ်ဆစ်နဲ့ နာကျင်နေခဲ့တာမို့ သူများတွေ ပျော်ရွှင်းနေပေမယ့် ဂျောင်းကုတစ်ယောက် မပျော်နိုင်ဖြစ်ကာ မှိုင်းတွေနေမိခဲ့သည်

ဂျောင်းကုက အဂ်လိပ်စာ မေဂျာယူထားသလို ဂျီကတစ်ခြားကျောင်းက IT မေဂျာကို ယူထားခြင်းကြောင့် ကျောင်ပိတ်ရင်တောင် တွေ့နိုင်ပါ့မလား အတွေးနဲ့အတူ ဂျီမင်းက Happy virus လေးမို့ ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်ရင် ရည်စားတွေ ဘာတွေ ရသွားရင် စိတ် နဲ့ဥဏှောက်ကတွေးလိုက်ချိန် သူ့ခန္ဓာကိုယ်က အရာအားလုံးထက်ပိုမြန်ကာ မက်တပ်ရပ်မိသွားခဲ့သည်

ဝုန်းးးးးးး

""ဟင့်အင်းးမဖြစ်ရဖူး""

ပြောရင်း ဝုန်းကနဲ ထရပ်လိုက်သူကြောင့် ဘေးနားက ဟိုဆော့နဲ့ နမ်ဂျွန်းတို့ပင် လန့်ဖြန့်သွားကာ ထရပ်သူကို ကြောင်ပြီ ကြည့်နေခဲ့ကြသည်

""ဟရောင် ဘာဖြစ်တာလဲ အလန့်တကြား""

""အေးလေ ရှိုးနေတာတောင် ဘယ်ရောက်သွားလဲ မသိဖူး""

သူငယ်ချင်းတွေ စကားကြားမှ အသိတို့ ပြန်ဝင်လာကာ နေရာမှာ အသာပြန်ထိုင်လိုက်ရင်း သူ့လုပ်ရပ်ကို သူ့ဘာသာ ရှက်မိသွား၏

""ဟို ဘာမှမဖြစ်ပါဖူး ""

ဂျောင်းကု ကိုကြည့်ပြီး ဟိုဆော့က စကားလေးလေ ဆိုလာခဲ့တော့ သူရင်မှာ ပူလောင်မိလာပြန်သည် တကယ်ကော အဆင်ပြေပါ့မလား တွေးနေမိခဲ့သည်

Fri(end)  ( I Can Fly Tomorrow) Uni+ZgWhere stories live. Discover now