S 2/ 1

447 42 11
                                    

Fri(end) S 2/ 1

နှစ်တွေ လတွေ ကြာငြောင်းနေပေမယ့် ခုချိန်ထိမမေ့နိုင်သေး မျက်ဝန်ဝိုင်းတွေ မြင်တဲ့အချိန်တိုင်း သတိရနေဆဲ နံနက်မိုးလင်း အိပ်ယာထပြီး ရုံးသွားဖို့ ပြင်ဆင်ပြီး နားကပ်လေဝတ်တိုင်း လက်ရှည်ရှည်သွယ်သွယ်လေးနဲ့ သေချာဝတ်ပေးတတ်ကာ လေဝင်လေထွက်လေးက ပါးပြင်ကိုရိုက်ခိုက်တိုင်း နှလုံးသားက အဆုံးအစမရှိ ရင်ခုန်ခဲ့တာတွေ အမြဲသတိရလွမ်းနေပေမယ့် အချိန်တွေ ကြာသွားခဲ့ပြီဆိုတော့ သူလည် အိမ်ယာတွေများ ထူထောင်ပြီရောပေါ့ အတွေးလေနဲ့အတူ မျက်ဝန်အိမ်က မျက်ရည်တွေစိုစွတ်ဆဲပါ

လူတွေပြောသလို အချစ်ဦး မြေးဦးရတဲ့အထိ မမေ့ဖူးတဲ့ ကျတော့်အတွက်တော့ ဒီစကားကမှန်ပါလိမ့်မယ် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တာတောင် ကျတော်သူ့ကို တစ်ရက်မှ မမေ့ခဲ့ပါ

သူ့အတွက်က ကျွန်တော်က အရေးပါနေသူမဟုတ်လို့ မေ့ကောင်းမေ့သွားပါလိမ့်မယ်

မနက် လေယာဉ်နဲ့ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျတော့်ရဲ့ Solo fashion show ကျင်းပဖို့ လေယာဉ်ကွင်းဆင်းရမှာမို့ ယူစရာရှိတဲ့ ပစ္စည်းတွေ legged ထဲထည့်ပြီး သိမ်းစရာရှိတာ သိမ်းနေစဉ် ကျတော် နိုင်ငံကထွက်လာချိန်ကတည်းက ပစ်တင်ထားသော ကျောပိုးအိတ်လေးဆီ အကြည့်ရောက်သွားခဲ့သည်

ကျောပိုးအိတ်လေးက နှစ်ကာလ ကြာပြီးမို့ ခေတ်မမှီတော့တာမို့ လွှင့်ပစ်ဖို့တွေးလိုက်ပြီး အိတ်ထဲ လိုအပ်တာ ဘာတွေရှိမလဲ အသိနဲ့ အိတ်ကိုစစ်လိုက်ချိန် ထွက်ကျလာသော ဗူးလေးတစ်ဗူးနဲ့စာအုပ်အနီရောင်လေ ဒါလေယာဉ်မောင်တစ်ယောက် သူ့ကိုပေးလိုက်သော ပစ္စည်းတွေ လေယာဉ်နဲ့ပတ်သပ်တာတွေပဲနေမှာ အတွေးနဲ့ နှစ်ခုလုံး စားပွဲပေါ်ပစ်တင်ပြီ အိတ်ကိုတော့ အမှိုက်ပုံထဲ ပစ်လိုက်သည်

ဂျီမင်း နှစ်ပတ်အကြာ ခရီအတွက် အိမ်ကိုသိမ်းစရာရှိတာသိမ်းပြီး သန့်ရှင်းရေးလုပ်လိုက်ပြီး ရေချိုးခေါင်လျှောပြီး အိပ်ယာဝင်ဖို့ ပြင်လိုက်ချိန် အကြည့်က စားပွဲပေါ်က စာအုပ်အနီရောင်လေးဆီ ရောက်သွားခဲ့ပေမယ့် မနက်ခရီးသွားမှာမို့ အိပ်ဖို့ရွေးချယ်လိုက်ပြီး ညမီးအိမ်လေထွန်းပြီး အိပ်ယာဝင်လာခဲ့လိုက်သည်

Fri(end)  ( I Can Fly Tomorrow) Uni+ZgWhere stories live. Discover now