ချိုမြိန်သောအမှားတစ်ခု - ၁

60.1K 372 12
                                    

အစကတည်းက မှားနေတဲ့ဇတ်လမ်းတစ်ခုကို ဘာကြောင့်များ
စတင်ခဲ့မိပါလိမ့်။

သူ့ကိုဘာကြောင့်ချစ်မိသွားတယ် ကျွန်တော်မသိဘူး
ကိုယ့်မှာလဲ သက်ဆိုင်သူရှိနေတယ် သူ့မှာလဲ ပိုင်ရှင်ကရှိနေပီးသား
မစတင်သင့်တဲ့ဇတ်လမ်းတစ်ခုကို စတင်ခဲ့မိတယ်
သူကိုချစ်မိသွားပီလို့သေချာသွားတဲ့အချိန် နောက်ပြန်လှည့်
ဖို့မဖြစ်နိင်သလို ရှေ့ဆက်ဖို့လဲမဖြစ်နိင်တဲ့အခြေအနေ...

ချစ်မိသွားခဲ့တာ မှားတယ်လို့ကျွန်တော်မထင်ဘူး
သူ့ကိုမှ ချစ်မိသွားခဲ့မိတယ်...

နှလုံးသားဆိုတာက သူ့ပိုင်ရှင်ကိုတွေ့တဲ့အခါအချက်ပြမှာပဲ
ကျွန်တော်က မှားနေတဲ့ပိုင်ရှင်ဆီမှာ
နှလုံးသားကိုအချိန်တွေဖြုန်းခဲ့မိတယ်
သူမနဲ့မတွေ့ခင် သူ(ကျွန်တော်ချစ်ရသော တစ်ယောက်တည်းသောလူ) နဲ့
တွေ့ခဲ့ရင် အခုချိန် နှလုံးသားလေးက ဒဏ်ရာတွေနဲ့ဖြစ်မနေဘူးပေါ့

ကျွန်တော်တို့စတွေ့တဲ့နေက ပြောပြရင်မြန်မာကားတွေ
ဆန်ကုန်တော့မယ် ...ဒါပေမဲ့လဲ ပြောပြရချင်တယ်
မျိုသိပ် ထားရတာအရမ်းပင်ပန်းလာလို့

###############################

တိုက်ဆိုင်တာလား ကံကြမ္မာ ဆိုတဲ့ဟာကြီးရဲ့ ဖန်းတီမှုလားမသိ
ဆေးရုံရှေ့တစ်နေရာမှာ လောလောနဲ့ လမ်းလျှောက်လာတဲ့
ကောင်လေးတစ်ယောက် လက်ထဲမှာလဲ နှင်းဆီပန်းစည်းအနီ
ရဲတောက်တောက်လေ ကိုင်ထားပီး
တစ်နေရာကိုရောက်ဖို့အလျှင်လို
နေလို့မပြေးရုံတမယ်လမ်းလျှောက်နေရင်းက

ဘုတ်

"အင့်"

တစ်စုံတစ်ခု ထိလိုက်မိတဲ့ခဏလေးအတွင်းတော့ နွေးသလို
ရှိနေတဲ့ မာကျောတဲ့ အရာတစ်ခု ကိုယ်ကပဲတိုက်မိလိုက်ပီး
ကိုယ်တိုင်ပဲအရှိန်မထိန်းနိင်လဲကျသွားခဲ့တယ်

လဲကျသွားတဲ့အရှိန်နဲ့ တင်ပါးတစ်ခုလုံး ရှိန်းတိန်းတိန်း...
လက်ကလဲထောက်ရက်ကျတော့ ဖြူဖွေးဥနေတဲ့
လက်ကလေးမှာ ပွန်းရာတွေနဲ့ သွေးစို့ပီး နီရဲနေခဲ့တယ်
ခြေထောက်ကလဲခြေကျင်းဝတ်လည်သွားပီး
ပြန်မထနိင်တော့လို့ စိတ်ဆိုးဆိုးနဲ့
တိုက်မိတဲ့အရာကို မော့ကြည့်လိုက်တော့

ချိုမြိန်သောအမှားတစ်ခုWhere stories live. Discover now