ချိုမြိန်သောအမှားတစ်ခု - ၃

9.2K 141 28
                                    

"WELCOME TO THAILAND MY KHAM"

ကျွန်တော်အခု ထိုင်းကိုရောက်သွားပါပြီ
သုတနိင်က တစ်ရက်ကြိုခေါ်လိုက်တာ
ကူပြီး ပြင်ဆင်ခိုင်းမလို့တဲ့ လေယာဥ်လက်မှတ်လေး
ဖြတ်ပေးပီး လူကိုခိုင်းစားတော့မှာ

"ဝါး မိုက်လိုက်တာ လာလိုက်မှန်သွားပီ"

ဖုန်းထုတ်ပီး ဓာတ်ပုံထုတ်ရိုက်ပီး
မမဆီပို့ရမယ်လေ မမနဲလက်ထက်ပီးရင်
ထိုင်းကို ဟန်းနီးမွန်းထွက်ရမယ်

ကိုယ့်အတွေးနဲ့ကိုယ်တော့ဟုတ်နေတာပဲ

"ခမ်း ငါ့ကိုကိုနဲ့ မိတ်ဆက်ပေးမယ် ဒါငါ့ကိုကိုလေ သစ္စာမောင်တဲ့
ကိုကို ဒါက ငယ့် သူငယ်ချင်း ခမ်း တဲ့ ချစ်စရာလေးမလား"

အစကတော့ ကိုကို ဆိုတဲ့ဟာကြီးက တိတ်နေလိုက်တာ
သုတနိင်ကိုပဲ ကြည့်နေပီး မိတ်ဆက်ပေးမှ ကျွန်တော့်ကို
ကြည့်ဖော်ရတယ် နာမည်နဲ့လူနဲ့
မလိုက်ဘူးလို့ပြောမှာဆိုးလို့တူတယ်

"အင်း ချစ်စရာလေး ဒါပေမဲ့ ငယ်ကိုတော့ မ မှီဘူး"

"အာ...ကိုကိုကလဲ"

အယ် ဟိုတစ်ယောက်ကလဲ ပါးတွေရဲပီးရှက်နေလိုက်တာ
သူ့ဟာနဲ့သူတော့ အဆင်ပြေနေတာပဲ
အော် ဖြစ်ရလေခြင်း ငါကတောင် သုတနိင်ကို မမှီဘူးတဲ့
အေးပေါ့ ငါက handsome လေ မတူတော့မတုနဲ့ပေါ့

"သုတနိင် ငါပင်ပန်းနေပီ ဘယ်မှာနားရမှာလဲ"

ပင်ပန်းတာပေါ့ မသွားရသေးဘူး ယောင်လည်လည်လုပ်နေလို့
သုတနိင်က တစ်ရက်ကြိုခေါ်လိုက်တော့
အဝတ်အစားတွေ ကမမ်းကတန်း ထည့်ရတယ်
လိုတဲ့ ပစ္စည်းတွေ လဲပြေးဝယ်ရသေးတယ်
လူက မောလိုက်တာမှ လေယာဥ်ပေါ်ရောက်တော့လဲ
အလကားရတာတွေ အကုန်စားသောက်လာတာ
ဗိုက်ကပြည့်ပီး အိပ်ချင်နေရော

"အဲ့တာပြောမလိုပဲ ငါတို့ငှားနေတဲ့ ဟိုတယ်က အခန်းတွေအကုန်
ပြည့်သွားလို့လေ မင်းအတွက်က နှစ်ယောက်တစ်ခန်းဖြစ်နေတယ်
အဆင်ပြေပါ့မလား"

အခန်းထဲရောက်မှခြေပစ်လက်ပစ်နားပစ်မယ်
ဆိုတဲ့ အတွေးလေး ကြက်ပျောက်ငှက်ပျောက်
ဒီ သုတနိင်ဆိုတဲ့ဟာကလေ

ချိုမြိန်သောအမှားတစ်ခုWhere stories live. Discover now