ချိုမြိန်သောအမှားတစ်ခု - ၁၀

2.4K 19 5
                                    

မိုးမှမလင်းသေးဘူး ကြားနေတဲ့ ဖုန်းသံ ချစ်ရသူရင်ခွင်ထဲမှာ
အိပ်နေသည်ကို အနှောင့်အယှက် ပေးနေသည်

အမှန်ဆိုရင် မနက်ခင်းတစ်ခုက ကိုယ့်ချစ်သူရဲ့ အသံသာသာလေး
နဲ့နှိုးမှ တစ်နေ့တာအတွက်ပြည့်စုံမှာလေ ဒါကို
ဒီဖုန်းက ဖျက်ဆီးပစ်လိုက်တယ်

စိတ်လေတယ် စိတ်လေတယ် ဒီဖုန်းသံကြောင့် ချစ်ရတဲ့သူ
နိုးသွားပီး ရင်ခွင်နွေးနွေးမှာ နေရတာ အားမရသေးဘူး
ချစ်ရသူရဲ့ စည်းချက်ညီတဲ့ ရင်ခုန်သံလေးကို
နားထောင်ချင်သေးတယ်

" ခမ်း...ထဦး....မမတဲ့ "

"speaker ဖွင့်လိုက် လာဦး ဖက်ထားချင်သေးတယ် "

ခွန်းမဟူရာမောင် ကတော့ဖုန်းကို ကိုင်ထားပေးပီး
ခမ်းကတော့ သူ့ရင်ခွင်ထဲ ပြန်ဝင်လို့
စိတ်မပါ လက်မပါနဲ့ ဖုန်းကိုဖြေနေသည်

" အွန်း...မမ...ဘာပြောစရာရှိလို့လဲ "

" ပြောစရာတော့မရှိပါဘူး လွမ်းလို့ "

" ဝွန်း မမကလဲ နေ့ခင်းလောက်မှလွမ်းပါလား အစောကြီးလွမ်းတယ်"

" ခမ်း အိပ်ရေးပျက်သွားပီလား မမ မရည်ရွယ်ပါဘူး"

" ရပါတယ် မမ ဒါပဲမလား ချလိုက်တော့မယ် "

" အင်း အင်း ချစ်တယ်နော် "

ခွန်းမဟူရာမောင် နဲ့ရှိနေတဲ့အချိန် သူမနဲ့ စကားမပြောချင်ပါ
မောင့်ကိုအားနာရသည်လေ

" မောင်သိလား အမှန်ဆို ငါတို့က ဖောက်ပြန်နေတာလေ "

ခွန်းမဟူရာမောင် ကို ခမ်းမစွန့်လွှတ်နိင်ပါ မဖြစ်နိင်မှန်းလဲသိပါသည်
မှားနေသည်မှန်းလည်း သိပါသည်
သိသိရက်နဲ့ ဒီအမှားကိုဘဲ ထပ်ခါတစ်လဲလဲ ကျူးလွန်နေမိသည်

ခွန်းမဟူရာမောင် ရဲ့ ဂရုစိုက်မှုတွေ လိုချင်တွေ
သူ့ကိုချစ်သည်လေ ခွန်းမဟူရာမောင် ရဲ့ အနမ်းတွေကိုမြတ်နိုးတယ်

သူ့ကိုမချစ်ချင်ပါ ချစ်မိသွားရင်လဲ စွန့်လွှတ်ဖို့မဖြစ်နိင်လို့
မချစ်ဖို့ကြိုးစားခဲ့ပေမဲ့ ချစ်မိသွားခဲ့မိသည်လေ

မဖြစ်သာလို့ ထားခဲ့ရတဲ့ အချိန်ကျရင် ခံနိင်ရည်မရှိလောက်ဘူး
အဲ့လိုအခြေအနေတွေက ဖြစ်လာမှာပဲ သိရက်သားနဲ့လဲ
နှလုံးသားက ဦးနှောက်ကိုဆန့်ကျင့်လို့ နေခဲ့သည်

ချိုမြိန်သောအမှားတစ်ခုWhere stories live. Discover now